We wish you a Merry Christmas
We wish you a Merry Christmasဘုရားကျောင်းအတွင်း၌ပျံ့ လွင့်နေသော သာယာလှသည့် Christmas သီချင်းသံနှင့်အတူ လူငယ်အများစုကပျော်ရွှင်စွာ ရင်ခုန်စွာဖြင့် လက်ထဲရှိမဲလိပ်လေးများကိုဖြည်ကြည့်နေကြသည်။
ဤသည်မှာ ကျွန်တော်နေထိုင်ရာမြို့လေး၏ချစ်စဖွယ် ရင်ခုန်ဖွယ် ဓလေ့တစ်ခုဖြစ်သည်။Gameလေးတစ်ခုဆော့ကြသည်။ နှစ်စဉ် Christmasနေ့ရောက်တိုင်း ဘုရားကျောင်းသို့လာရောက်သူ အရွယ်ရောက်ပြီး လူပျို အပျို တို့အား မဲလိပ်လေးများနှိုက်စေသည်။ ထို့နောက်တွင်တော့ မျက်လုံးကိုအဝတ်စည်းစေလျက် နံပါတ်တူနှိုက်မိသောနှစ်ယောက်ကို ဘုရားကျောင်းဝန်းထဲရှိသစ်ပင်များအောက်သို့ပို့ဆောင်ပေးကြသည်။အတူတူရှိသောနှစ်ယောက်မှာ သစ်ပင်အောက်ရှိထိုင်ခုံပေါ်တွင်ထိုင်၍ စကားပြောကြသည်။ အချိန်ပြည့်လျှင် သစ်ပင်အောက်သို့ ပထမကလာပို့ခဲ့သောသူများကပင် ပြန်လည်ခေါ်ဆောင်ကာ မီးပုံဘေးသို့ပို့ဆောင်ပေးကြသည်။မီးပုံဘေးတွင် gameဆော့သည့်လူအကုန်ရောက်မှ မျက်လုံးပေါ်ရှိ ပုဝါကိုဖယ်ကြကာ ကိုယ်နှင့်အတူရှိခဲ့သည့်တွဲဖက်ကိုပြန်လည်ရှာဖွေကြရသည်။တချို့သည် ထိုgameကြောင့်ပင် ပျောက်ဆုံးနေသော ခန္တာကိုယ်တစ်ခြမ်းကို ရှာတွေ့သွားကြသလို တချို့သည်လည်းရယ်မောစရာအဖြစ် ရင်းနှီးသော သူငယ်ချင်း မိတ်ဆွေဖြစ်သွားကြသည်။ သူငယ်ချင်းမိတ်ဆွေဖြစ်သွားသည့်အတွဲများသည် အများသောအားဖြင့် မိန်းကလေးချင်း ယောက်ျားလေးချင်း တွေ့ကြသူများပင်။ ဒီထဲမှာထူးခြားချက်တစ်ခုရှိသေးသည်။ ဘုရားကျောင်းဝန်းထဲ၌ Mistletoe ပင်တစ်ပင်ရှိသည်။ မဲနှိုက်သူများ နံပါတ်တူနှိုက်ပြီးတာနှင့် သူတို့အားပို့ဆောင်မည့်သူများက သူတို့ကိုယ်စားနေရာကိုမဲနှိုက်ပေးရသည်။ ထိုနေရာထဲတွင် Mistletoe ပင်အောက်တွင်လဲနေရာတစ်နေရာရှိသည်။ Mistletoeပင်နှင့် Christmas အကြောင်းကတော့ လူတိုင်းသိပြီးသားအတိုင်း Mistletoe ပင်အောက်တွင်ရပ်မိသောလူနှစ်ယောက်သည် အကြင်နာပေးကြရသည်လေ။ ဘုရားကျောင်းဝန်းထဲရှိ Mistletoe ပင်ကြီးတွင် ခေါင်းလောင်းအသေးလေးများချိတ်ဆွဲထားသဖြင့် လေတိုက်သောအခါ ခေါင်းလောင်းသံလေးများထွက်လာကာ အပင်အောက်၌ရှိသူနှစ်ဦးမှာ Mistletoeပင်ဟုသိရှိပြီး အကြင်နာပေးကြရသည်။ သူတို့အကြင်နာပေးနေပုံအား ဓာတ်ပုံဖြင့်မှတ်တမ်းတင်ထားပြီး ဘုရားကျောင်းရှိ ထိုMistletoeပင်အောက် အကြင်နာအနမ်းများကိုအမှတ်တရထားရှိရာ Albumထဲတွင်ထည့်ကာသိမ်းထားပေးသည်။ တစ်ခုထူးခြားသည်ကား Mistletoeပင်အောက်တွင် အကြင်နာပေးသောအတွဲများအားလုံးသည် ထိုဘုရားကျောင်း၌ပင် လက်ထပ်ထိမ်းမြားဖြစ်ကြသည်။ ဘုရားကျောင်းကလဲ ထိုမင်္ဂလာပွဲ၌ မင်္ဂလာလက်ဆောင်အဖြစ် Mistletoeပင်အောက်တွင် အကြင်နာပေးနေသည့် သူတို့နှစ်ဦး၏ပုံကို ပုံကြီးချဲ့ ကာ မှန်ဘောင်သွင်း၍ပြန်ပေးသည်။ ကျွန်တော်တို့မြို့လေး၏ချစ်စရာအမူအကျင့်လေးတစ်ခုပင်။
YOU ARE READING
Under the mistletoe (Complete)
RomanceYour lips on my lips, that's a Merry Merry Christmas.