*Chanyeol ဘာတွေစဉ်းစားနေတာလဲ။ဒီနေ့ကျောင်းစဖွင့်ပြီလေ။နောက်ကျမယ်နေမယ်။ Senior တွေကစောပြီးရောက်ရမှာပေါ့။*
အိပ်ယာမှနိုးနိုးချင်း ကုတင်ပေါ်မှာ ငေါင်တောင်တောင်နှင့် ထိုင်နေသောChanyeolအား အခန်းတံခါးဖွင့်ကာ အပေါက်ဝမှနေ၍ Sehun ကအော်နေသည်။*အင်းပါ အင်းပါ ငါအခုထပြီ*
Chanyeolလဲ အတွေးတွေလက်စဖြတ်ကာ ကုတင်ပေါ်မှဆင်း၍ ရေချိုးခန်းဆီသို့လျှောက်လာခဲ့လိုက်သည်။ရေချိုးခန်းထဲမှ ရေပန်းအောက်မှာမတ်တပ်ရပ်ရင်း အိပ်မက်ကိုပြန်စဉ်းစားမိတော့ အရင်အတိတ်ကနေ့ရက်လေးကိုပြန်လွမ်းမိသည်။Mistletoeပင်အောက်မှာ အနမ်းပေးပြီး ပျောက်ကွယ်သွားတဲ့ လူသားလေးတစ်ယောက်ကို လွမ်းမိသည်ဆိုလဲမမှားဘူးပေါ့။ အဲဒီနေ့ညက Chanyeol ရော Sehun ပါ partner ရှာမတွေ့ခဲ့။ အဲဒါကြောင့် တွေးလိုက်မိသည်က သူတို့နှစ်ယောက်ရဲ့ partnerတွေက လူမှားသွားကာ သူတို့နှစ်ယောက်ပဲကျန်နေခဲ့သည်ဟုပင်။
ပျောက်ကွယ်သွားသူက ဘယ်လိုနေမည်မသိပေမယ့် ကိုယ်ကတော့ ဆောင်းလေအေးအေးကြားက သူ့နှုတ်ခမ်း၏ နူးညံ့နွေးထွေးမှုကို ပြန်တွေးမိတိုင်း အခုထိနွေးထွေးနေသလို။ နောက်နေ့မနက် ဘုရားကျောင်းသို့သွားကာ Mistletoeပင်အောက်က သူ၏ဓာတ်ပုံလေးသွားတောင်းတော့ စုံတွဲလိုက်မဟုတ်ရင်မပြဟူသော ကန့်သတ်ချက်ကြောင့် မကြည့်ခဲ့ရပေ။ ကိုယ့်မြို့မဟုတ်ဘဲ အဖွားရဲ့ဇာတိကိုအလည်လိုက်လာတာကြောင့် လက်လျော့ပြီးပြန်ခဲ့ရသော်ငြားလဲ အခုထက်ထိတိုင် အိပ်မက်တွေထဲနှောက်ယှက်နေဆဲပါ။ အတွေးတွေထဲ ဝင်ရောက်လာဆဲပါလေ။
*နားကားကောင်ရေ ရေချိုးခန်းထဲသေနေပြီလားဟ*
အပြင်မှ ချစ်သူငယ်ချင်းကြီး၏ မေတ္တာပို့သံကြားမှ အတွေးကမ္ဘာထဲကလန့်နိုးလာခဲ့သည်။ရေချိုးတာ ဘယ်လောက်ကြာသွားသည်မသိ။ လက်ထိပ်ရှိအရေပြားလေးတွေပင် တွန့်နေပြီ။ ထို့ကြောင့် ရေချိုးခြင်းကို မြန်မြန်လက်စသက်လိုက်ကာ ရေချိုးခန်းထဲမှထွက်လိုက်ပြီး ကျောင်းသွားရန်ပြင်ဆင်လိုက်သည်။
STAI LEGGENDO
Under the mistletoe (Complete)
Storie d'amoreYour lips on my lips, that's a Merry Merry Christmas.