"ဟာ Jiwoo လာလေ ဘာကိစ္စလဲ "
JH ကဝမ်းသာအားရဖိတ်ခေါ်လိုက်သော်လည်း MH ကမျက်မှောင်ကြုတ်လျက်..." ငါဒီည ဒီမှာအိပ်လို့ရမလား " Jiwoo က အထုတ်လေး၁ထုတ် ကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။
" ရတာပေါ့ ..မင်းကလည်း....လာဝင် " JH ကတံခါးဖွင့်ပြီး အထုတ်လေးကိုပါ ကူဆွဲကာ အခန်းတွင်းထည့်လိုက်သည်။
" နေပါဦး...နေပါဦး ဘာတွေရနေတာလဲ...အခန်းပိုင်ရှင်ကိုမမေးဘဲ နဲ့ " MH က Jiwoo နားကိုလျှောက်လာပြီးမေးလိုက်သည်။
လက်တစ်ဖက်က နံရံကိုထောက်လျက် ..အထာဖမ်းသည်ပေါ့လေ။" အတူတူနေတာပဲ ဘယ်သူကပိုင်ရှင် ဘယ်သူကအိမ်ငှားလို့ရှိလို့လား .. ဒုက္ခပါပဲ" JH ကပြန်ပြောလိုက်သည်။
" ပြောပါဦး...ဘာလို့ ဒီည ဒီမှာအိပ်ချင်ရတာလဲ " MH က လက်ထောက်လျက်ပင်ပေးလိုက်သည်။
Jiwoo က လက်လေး နောက်ပစ်ပြီး ရိုရိုကျို့ကျို့လေး။
တပ်သားလေးကို ဗိုလ်မှူးကြီးက ဆုံးမနေသယောင်။
" ငါနေတဲ့ အဆောင်က paradise လေ ဟိုး ၃လမ်းကျော်က ..သိလားတော့မသိဘူး...မသိလဲနေပါ။ ငါ့အခန်းဖော်က ငါမရှိတုန်း ဘာတွေချက်စားလဲ မသိပါဘူးကွာ.. ငါလဲပြန်ရောက်ရော..သူကိုယ်တိုင်လဲ မဲတူးပြီး တစ်ခန်းလုံးလဲ မီးခိုးတွေမွှန်နေတာပဲကွာ... ရေတွေကလဲ ရွှဲလို့... အဲ့လို အဲ့လိုနဲ့ အခန်းကို service အပ်လိုက်ရတယ် ပဲဆိုပါတော့ .."
မျက်နှာငယ်လေးနှင့် ပြောနေပုံမှာ ကြွက်ကလေးရေနစ်လာသလိုပင်။
"ဖြစ်မှဖြစ်ရလေ ....တစ်ညပဲလား...နောက်နေ့တွေနေလဲရတယ်နော်" JH က laptop ကိုပြန်ကြည့်ရင်းပြောလိုက်သည်။
ဘာ...နောက်နေ့တွေထပ်နေချင်နေ ဟုတ်လား... MH စိတ်ထဲကတွေးကာ ကလိကလိဖြစ်နေ၏။
" ဒါဆို ဘာလို့ တခြားသူတွေဆီမသွားဘဲ.. JH ဆီ မှ..ဟင့်အင်း အခန်း ၁၀၁ ကိုမှ လာချင်ရတာလဲ "
MH က ထောက်ထားသောလက်ကို ခါးဆီပြောင်းထောက်ကာမေးလိုက်ပြန်၏။" အဲ့တာက ...အခန်းထဲမှဆို JH ကိုငါအခင်ဆုံးပဲ...သူနဲ့ငါ့မှာ Chemistry ရှိတယ်ကွ...jihwan is science လေ နော် ဟုတ်တယ်မလား Jaehwan " jiwoo က JH ကိုမျက်လုံးတစ်ဖက်မှိတ်ပြကာပြောလိုက်သည်။
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...