ထပ်တူမကျနိုင်ခဲ့သောအချစ်(Unicode+Zawgyi)

114 4 0
                                    

UNICODE

    "ညီတို့ဒီလောက်နဲ့ပဲလမ်းခွဲရအောင် ကို"

chatboxကသူပို့ထားသောစာသားလေး
ကျွန်တော်မြင်မြင်ချင်း အံ့သြမိသည် ဆိုတာထက်
ဘာဆက်လုပ်ရမှန်းမသိ ဘာပြောရမှနိးမသိအောင်
ထိုစာသားလေးကို ထပ်ခါထပ်ခါဖတ်ရင်း ဆက်ကြည့်နေမိသည်

"ဘာကြောင့်လဲညီ" ဟုမေးစရာမလိုအောင်
ဒီ၄နှစ်တာအတောအတွင်း အဖြေကသိသာခဲ့ပေမဲ့
တခြားစကားမရှိ၍ "ဘာကြောင့်လဲ" ဟုမေးဖြစ်ခဲ့သည်

"ကိုလဲသိတာပဲ ကိုနဲ့ညီမှသဘောထားချင်းမတိုက်ဆိုင်တာ
အဲ့လိုမတိုက်ဆိုင်တိုင်း ပြဿနာဖြစ်ရတာကို
ပင်ပန်းလှပီ ကို ညီ့ကိုခုလွတ်မြောက်ခွင့်ပေးပါတော့"

ညီပြောတာသဘာဝကျပါသည် အကုန်မှန်နေတာမို့
ကျွန်တော့်မှာငြင်းပိုင်ခွင့်မရှိ

လွန်ခဲ့သောလေးနှစ်ခန့်က ညီထုတ်တဲ့ fan shirtလေးမှာရန် prepaidကောက်သည့်နေ့တွင်ညီ့နဲ့စတွေ့ဖြစ်ခဲ့သည်
ထိုမှစ၍ညီနှင့်ရင်းနှီးခင်မင်ခဲ့ပီး
တယောက်နှင့်တယောက်သဘောကျကာ
တသက်တာအတွက်လက်တွဲမည်ဟုရည်ရွယ်ခဲ့ကြသည်

ထိုအချိန်က ညီနှင့်ကျွန်တော်သည် ဆယ်ကျော်သက်အရွယ်များဖြစ်၍ ချစ်တာတခုသာသိပီး တခြားအရာများကို မသိမျက်ကွယ်ပြုကာ အချစ်တခုတည်းဖြင့်ရှေ့ဆက်ခဲ့ကြသည်

လေးလလောက်ကြာမြင့်လာသည့်အချိန်မှာ
ညီ့ဘက်က ကျွန်တော့်ကို တရင်းတနှီးမဆက်ဆံတော့သည်ကိုစတင်သတိထားမိလာသည်
မေးကြည့်မိတော့ "ချစ်စကလိုတော့ဘယ်ဟုတ်တော့မလဲကိုရယ် ညီအဲ့လိုတွေနေရတာမကြိုက်ဘူး"ဆိုသည့်အဖြေသာရခဲ့သည်

ကျွန်တော့်ဘက်ကတော့ ညီ့အပေါ်အချစ်တွေရော
သံယောဇဉ်တွေပါ တစ်စထက်တစ်စပိုတိုးလာကာ
ညီလေးတယောက်ပါရလိုက်သလိုပင်
ဂရုစိုက်ကာအတတ်နိုင်ဆုံးစောင့်ရှောက်ခဲ့သည်
ကျွန်တော့်ကိုယ်ကျွန်တော်ဘာဖြစ်နေလဲ ဟုပင်မတွေးနိုင်လောက်အောင် ကျွန်တော့်အတွေးတွေအားလုံးထဲညီကနေရာယူလာသည်
ညီဖြစ်သမျှအဆင်မပြေမှုတွေကိုလဲ ကိုယ့်ကိစ္စနှင့်မခြား ကိုယ်ကျိုးကိုမကြည့်ပဲ ကူညီခဲ့သည်

You've reached the end of published parts.

⏰ Last updated: Mar 23, 2021 ⏰

Add this story to your Library to get notified about new parts!

ထပ်တူမကျနိုင်ခဲ့သောအချစ်(Unicode+Zawgyi)Where stories live. Discover now