" ငါ ကလေးတစ်ယောက်လောက် မွေးစားချင်တယ် "
" ဘာလဲ မွေးပြီး စားမလို့လား ..
ဂင် ဂျုံ ဒယ် မင်းအကျင့် ငါသိ တယ်နော် "ကိုယ့်စကားက အူကြောင်ကြောင်နိုင်နေပေမဲ့
စာအုပ်နှင့်မျက်နှာမခွာသောသူ့ဆီက စကားထွက်လာ
ဖို့အရေး အကောင်းအတိုင်းရှိသော ဦးနှောက်ဆီက
အရူးစကားများ ထွက်လာဖို့ အတင်းစဉ်းစားယူရသေး
သည် ။မတက်နိုင် ။
သူငယ်ချင်းဆိုပြီး သူဘက်က အတင်းကန့်သတ်
ထားသည့် နယ်နိမိတ်ကို မထိုးဖောက်နိုင်တော့
အခြားတစ်ဖက်က အရင်းနှီးဆုံး မိတ်ဆွေ စည်းတွင်
ခြေချုပ်ခံထားရတော့သည် ။ကိုယ့်ဘက်က ခံစားချက်ကို သူသိ၍ စည်းချထားတာ
တော့မဟုတ် ဖွင့်ပြောဖို့နေနေသာသာ အရိပ်အခြေ
လေးတောင်မပြရဲလောက်အောင် သူ့ဆီမှ
မိန်းကလေးများကိုသာ ကြိုက်သည်ဟူသော
နှုတ်ထွက်စကားများအား မကြာခဏကြားနေရသဖြင့်
ကိုယ်တိုင်ကိုယ်ကျ ဤစကားသည် ရှေ့မဆက်ရန်
အတားအစည်းဟု သဘောပေါက်ကာ တိတ်တဆိတ်
တစ်ဖက်သက်သာ ကြိတ်ဖီးလ်ရလေသည် ။Crush အဆင့်နှင့်သာ ကိုယ်စိတ်ကို ဖြေသိပ်
ကိုယ့်ခံစားချက်ကို မြိုချပြီး သူ့မျက်နှာလေး မြင်ရလျှင်
တောင် ကျေနပ်ပါသည်ဟု ကြွေးကြော်ထားရသည် ။အချစ်ဟူသည် ဒါလည်းဟု မေးချင်စဖွယ်ပင် ။
" မင်းပြောတာနဲ့ မသိရင် ငါကဘဲ
လူယုတ်မာကြီးပေါ့ "" မဟုတ်လို့လား "
လက်လေးသစ်လောက်ထူသော စာအုပ်ကြီးကို
ထောင်ပြီး မျက်မှန်တစ်ပင့်ပင့်နှင့် စိတ်ဝင်တစား
ဖတ်နေသော်လည်း ဂျုံ ဒယ် စကားများကို တိတိကျကျ
ပြန်ဖြေနိုင်သည် ။ထိုအရည်အချင်းသည် သူ၏များပြားလှသော
ထူးခြားချက်များထဲက တစ်ခုပင် ။
YOU ARE READING
C.R.U.S.H
Fanfictionသောက်ကျိုးနဲ တစ်ဖက်သတ်အချစ်ဇာတ်လမ်းကြီးပါ ဇာတ်သိမ်းကောင်းမကောင်းတော့ ကိုယ်တိုင်တောင်မသိ လောလောဆယ်တော့ သူ့ကိုချစ်နေရုံနှင့်တင် ပြည့်စုံပါသည်ဟု ကြိတ်ဖီးလ်နေသူတစ်ယောက်သာ