''ဒီတိုင်း ထိုင်နေရုံနဲ့တော့မရဘူး ငါကိုယ်တိုင်ထွက်ရှာမှဖြစ်မယ် ဒီကလေးဆိုးကို ''
အပေါ်အင်္ကျီကိုကောက်ပြီး ထိုင်ရာကအထ တံခါးမခေါက်ပဲဝင်လာတဲ့ သူတို့။ Suit အနက်ရောင်တွေကိုယ်စီနဲ့ ခြောက်ယောက်လောက်...။ အာ...ဘယ်လိုကောင်မျိုးတွေက ယဉ်ကျေးမှုမရှိတာလဲ။
''သေချင်လို့လား ''
''ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ် သခင်လေး! ''
ခေါင်းကိုအနည်းငယ် ညွှတ်ပြီး လေသံမာမာနဲ့ ခပ်ဆတ်ဆတ်ပြောလာပုံက သူ့ပဲပြန်ကြောက်ရမလို။ မျက်စိထဲထောင့်မကျိုးတဲ့ ကောင်ကို တစ်ချင်နားရင်းအုပ်လိုက်တော့လည်း မလှုပ်မယှက်။
''ဘာအတွက် ရောက်လာကြတာလဲ ''
''ဥက္ကဋ္ဌကြီးက သခင်လေးကို အိမ်ပြန်လာဖို့ပြောခိုင်းလိုက်ပါတယ်... အခုတလောကျန်းမာရေးလည်းသိပ်မကောင်းတာကြောင့် ''
''ပြန်မလိုက်ဘူးဆိုရင်ရော ''
''အားနာမိပေမဲ့ ဆွဲခေါ်သွားရမယ်ထင်ပါတယ်''
___________without_you______________
''နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ ''
အိမ်ထဲကိုဝင်ဝင်ချင်း လက်နှစ်ဖက်ကိုဆန့်တန်းရင်း အပြုံးနဲ့ကြိုဆိုနေတဲ့ သူ့ကို လျစ်လျူရှူထားချင်ပေမဲ့။
''ဘာကိစ္စရှိလို့ ပြန်လာစေချင်တာလဲ''
''ဒီအိမ်ရဲ့ သခင်လေးက မင်းပဲလေ...ဘာလဲ ပြန်မလာချင်သေးဘူးလား ''
''ပြန်မလာချင်ဘူး တစ်သက်လုံး''
''လီထယ်ယုံး !!!''
.
.
.
ဧည့်ခန်းထက်မှာတိတ်ဆိတ်စွာ ထိုင်ရင်း ရှေ့ကနေစိုက်ကြည့်နေတဲ့ သူမက ကျိန်ပြောစရာမလိုတဲ့ ထယ်ယုံးရဲ့အမေအရင်း။ ဖခင်ဖြစ်သူနဲ့ ပြတ်စဲပြီး နောက်အိမ်ထောင်ထပ်ပြုတဲ့ အချိန်ထဲက သူဒီအိမ်က ထွက်လာခဲ့တာ။ နောက်လူရောက်လာမှာကို မမြင်ချင်သလို ဇယားတွေလည်းမရှုပ်ချင်လို့။