"ဩော် ဒါနဲ့ပဲ မင်းရဲ့ဒူးခေါင်း အခုလိုဖြစ်သွားတယ်ဆိုပါတော့"
သူမနေ့ကတည်းက ဖုန်းထဲကပြောထားပါလျက် အခုလို
အိပ်ခန်းထဲထိ ထပ်မံလာမေးနေသော သူ၏တစ်ဦးတည်းသော
သူငယ်ချင်းဖြစ်သူBeamအား စိတ်မရှည်စွာနှင့် ခေါင်းအုံးဖြင့်
ပစ်ပေါက်လိုက်သည်။ထိုလွှားခနဲ ဖြစ်သွားသော အပြာရောင်ခေါင်းအုံးလေးအား Beamဖမ်းလိုက်ကာ
သူ၏စကားတို့ကို ရှေ့ဆက်သည်။"သူက ဘယ်သူလဲ"
"Oh shit!Ai'Beamရ ....ငါမသိဘူး...
တစ်ခါမှလည်းမမြင်ဖူးဘူး။သေချာတာကတော့ ခွေးကော
ခွေးပိုင်ရှင်ကော အချိုးမပြေဘူး။""မင်းဘာသာ ခွေးကြောက်လို့ ဘရိတ်အုပ်တာများလား?"
"ဟေ့ကောင် တစ်ခါမှ မမြင်ဖူးတဲ့လူဖက်ကများ ရှေ့နေလိုက်ပေးနေတာလား?"
ခွေးကိုကြောက်ပါသော်လည်း ကြောက်ကြောင်းမပြသည့်
Kit၏အကြောင်းBeamသေချာသိသည်။ထပ်မံဆက်ပြောနေမိပါက သူ့အားမကြာသောအချိန်တွင်
စိတ်ဆိုးသွားလေတော့မည်။ထို့ကြောင့် စကားလမ်းကြောင်းလွှဲလိုက်ကာ"ငါ့စာအုပ်ဖတ်ပြီးပြီလား?"
"အင်း ဖတ်ပြီးပြီ....ဒါနဲ့အရေးအသားက ငါ့လောက်လည်း
မကောင်းဘူး....""အဲ့တာနဲ့များ လာငှားဖတ်နေသေးတယ်...ကိုယ့်ဘာသာ
အရင်လိုပဲPlotရှာပြီးရေးပါလား?""လက်တလောမှာ ရေးချင်စရာအကြောင်းမရှိသေးဘူး....
ကိုယ်တွေအကြောင်းသိတယ်မလား...မပိုင်ရင် ခြင်တောင်မရိုက်ဘူးကွ...ဟိုတစ်ခေါက်ကရေးတဲ့
Skurfingစီးတဲ့လူအကြောင်းကိုကြည့်...
မင်းပြောပြတာလေးကိုပဲ ငါ့အရေးအသားနဲ့ပေါင်းလိုက်တာ
ဘယ်လောက်အောင်မြင်သွားလဲ...ဒါတောင်ကိုယ်တွေ့
မဟုတ်သေးဘူးနော်"Beam သူ့ကိုယ်သူအမွှန်းတင်နေသည့် Kitကိုကြည့်ကာ ခေါင်းခါယမ်းမိသည်။သူ၏သူငယ်ချင်းသည် ဆတ်ဆတ်ထိမခံ ကလေးဆန်သည်။ခွေးကြောက်သည့်နေရာတွင်လည်း သူ့ထက်ကြောက်သည့်လူမရှိ။သို့သော် စာရေးရာတွင်တော့
အရေးအသားက အပြင်ပုံစံနှင့် လားလားမှမဆိုင် အရမ်းကို
တည်ငြိမ်လွန်းသည်။ထို့ကြောင့် Moonlight ဂျာနယ်တွင်
Kenဆိုသော အမည်နှင့်နေရာရနေသည်။စာတိုက်ကနေ မိတ်ဆက်စာလှမ်းပို့သည့်သူများရှိသလို Emailကနေလည်း
စာတွေလှမ်းပို့ကြသည့်လူများရှိသည်။Beamတစ်ခါတစ်လေတွေးမိတယ်...
ဒီလိုဆတ်ဆတ်ထိမခံလေးက ဘာလို့အရေးအသားတွေတည်ငြိမ်နေပါလိမ့်ပေါ့....