☆ Part 1 ☆ (Zaw Gyi +Uni )

9.7K 468 38
                                    

မနက်ခင်း အခန်းလေးထဲ ထိုးဖောက်ဝင် ရောက်လာသည့် နေရောင်ခြည် နွေးနွေးက အိပ်မော ကျနေသည့် လူသားနှစ်ဦးပေါ် ဖြာကျလာသည်..

မျက်ခွံတို့ကို ပင့်တင်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်က ကျောပြင်သေးသေးလေးနဲ့ ပိတုန်းရောင် ဆံနွယ်တို့ ~~
အနည်းငယ် ကွာဝေးနေသည့် ခန္တာကိုယ်လေးကို ဆွဲယူပြီး တိုးဝှေ့ ဖက်လိုက်တော့ အင်း ခနဲ လှုပ်ရှား လာသည်...
သို့သော်လည်း အိပ်မောကျနေသည့် နတ်သားပေါက်စက နိုးထမည့်ပုံ မပေါ် ..

ပခုံးလေးကို မိမိဘက် အသာလေး ဆွဲချပြီး ခန္တာကိုယ်လေး လည်လာအောင် အားစိုက်လိုက်တော့
ဖြူဥနေသော မျက်နှာလေးက ခစားလာသည်..

ဘယ်လောက်ကြည့်ကြည့် ကြည့်လို့ မဝနိုင်အောင် ချစ်ဖို့ကောင်းလွန်းသော လူတစ်ပိုင်း နတ်သားတစ်ပိုင်းလေးက အိပ်ပျော်နေတာတောင် လူကို အသည်းယားအောင် ဆွဲဆောင်နိုင်လွန်း လေတယ် ~~

ဆံပင်အနည်းငယ် ဖုန်းကွယ်နေသည့် နဖူးပြင်လေးပေါ် နှုတ်ခမ်းလေးနဲ့ ထိကပ်လိုက်သော်လည်း မနိုး..
ပါးပြင်ကို အားလေးသုံး ထိကပ် နမ်းရှုံ့ သော်လည်း မရ ..
နှုတ်ခမ်းပါးလေးကို အသာလေး ငုံခဲလိုက်တော့မှ လွန့်လူးလာကာ ခါးကို တိုးဖက်ပြီး ရင်ခွင်ထဲတိုးဝင် အိပ်ပျော်နေပြန်သည်....

ဒီအိပ်ပုတ်နဲ့တော့ ခက်တာပဲ ~~

နိုးမရတော့သည့်အဆုံး ပြန်လည် ဖက်တွယ်ရင်း ခဏတာငြိမ်နေမိ ပေမယ့် ဆက်ပြီးနေနေလို့မရတော့...
အချိန်ကမနည်းတော့ဘူး ...

အသာလေးခန္တာကိုယ်ကို ကြွပြီး အိပ်ယာကနေ မထချင် ထချင်နဲ့ ထလာခဲ့ရသည်..

မီးဖိုခန်းထဲဝင်ရင်း မနက်စာ ပြင်ဆင် ဖို့ စတင်ရတော့သည်..
ဒီအိမ်မှာ ကိုယ်က အလုပ်မရှိ အကိုင် မရှိဆိုတော့ အိမ်မှုကိစ္စက ကိုယ့်လက်ဝယ်မှာ...
အသံကျယ်လောင်စွာ မြည်လာသည့် ရေနွေးအိုးလေးကို ချပြီး အသင့်ပြင်ထားတဲ့ ကော်ဖီမှုန့် ထည့်ထားသည့် ဖန်ခွက်လေးတွေထဲ ထည့်လိုက်သည်..

" နိုးလာပြီလား ? "

အကွက်ကြားလေးတွေပါသော မိုးပြာရောင် ညဝတ်အကျီ င်္ကို ဝတ်ဆင်ထားတဲ့မျက်လုံး မပွင့်တပွင့်နဲ့ အနားရောက် လာသည့် ကောင်လေးက ခေါင်းလေး သာငြိမ့်ပြီး ခါးကို ဖက်တွယ်လာ သည်..

Curious Fate 💥 ( Season 2 )Where stories live. Discover now