☆ Part 3 ☆

3.5K 303 11
                                    

ကတိပေါင်းများစွာအထပ်ထပ် ပေးပြီး နောက်မှာ သဘောတူညီချက် တစ်ချို့နဲ့ တစ်ချိန်က ဦးစီးခဲ့တဲ့ Company ကို ခြေချရပြန်သည်..

Appa နေမကောင်းဖြစ်သည့် နောက်ဆက်တွဲက company အခြေအနေ ဆိုးဆိုးရွားရွား ယိမ်းယိုင်
နေပြီဖြစ်တာမလို့  နလန်ထူနိုင်အောင် တော်တော်ကြိုးစားရဦးမည်..

များပြားလှတဲ့ စာရွက်စာတမ်းတွေ ကြားအတော်ကြာအောင် ခေါင်းနှစ် ပြီးမှ မွန်းကြပ်လာသည်နှင့် ခဏဘေးဖယ်ထားပြီး အနားယူလိုက်သည်...

* Ring *

" အင်း Hyunee ~~~ ကိုယ် ဒီည အလုပ်တွေမပြီးသေးလို့  နောက်ကျမယ် ~~ ..... အင်းပါ ....
ကိုယ့်ပါ စောင့်မနေပဲ အိပ်နှင့်နော် ~~
Saranghae "

တီခနဲ ကျသွားသော လေလှိုင်းလေးထဲ အသံချိုချိုလေး ကျန်ခဲ့သလို ...
အရမ်း ပင်ပန်းနေချိန်မှာ သူ့အသံလေးက ကိုယ့်အတွက် ခွန်အားတစ်ခု ~~
နာရီကြည့်လိုက်တော့ ည၉နာရီပင် ရှိပြီ ...

ဘေးဘက်မှန်ပြတင်းမှ လှမ်းမြင်နေရ သည့်  Seoul မြို့ရဲ့ ညခင်း အလှ ကြောင့် ခုံကနေထရင်း မှန်ကာထားသည့် နေရာနား ရပ်ကာ ငေးကြည့်ရင်း အာရုံပြန့်လွင့်စေမိ သည်.....

ထိုနေ့က မနက်တစ်နာရီလောက်မှ အိမ်ပြန်ရောက်ခဲ့သော်လည်း ဧည့်ခန်း လေးထဲမှာ ခွေခွေလေးအိပ်ရင်း စောင့်နေသည့် Hyunee ကို မြင်လိုက်ရသည့်အခါ သက်ပြင်းလေးချမိသည်..

ဒီကောင်လေး စကားနားမထောင် ပြန်ဘူး ~~

အသာလေးပွေ့ချီပြီး အိပ်ယာပေါ် တင်ပေးလိုက်တော့ အင်း ခနဲ ညည်းညူပြီး တစ်ဖက် လှည့်ပြီး ဆက်အိပ်နေလေသည်..
စောင်လေး သေချာ ခြုံပေးလိုက်ပြီး
တစ်ကိုယ်ရေသန့်စင်ဖို့ရာ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်..

*************************
" လိုက်ခဲ့ပါနော် ~~ "

" ဟာာ Chanyeollie ကလည်း ..
ငါမှ အဲ့မှာမနေချင်တာ .. ဒီမှာဆို မင်းမရှိရင်ဖြစ်ဖြစ်  အိမ်ပြန်နောက်ကျ ရင် ဖြစ်ဖြစ် Jong Dae ရှိလို့ နေရတာ တော်သေးတယ်.. ဟိုမှာဆို ငါပျင်းလို့သေမှာ ~~ "

သူပြောတာလည်း ဟုတ်ပါတယ် ..
Company မှာ အလုပ်မပြီးပြတ် တဲ့အခါတိုင်း အိမ်ပြန်နောက်ကျ တတ်တဲ့အပြင် တစ်နေ့လုံး အိမ်မှာ မရှိတဲ့ ကျွန်တော်နဲ့ အတူနေရမှာ သူ့အတွက် အချိန်တစ်ချို့က ပျင်းရိဖွယ်ကောင်းမှာပေါ့ ...

Curious Fate 💥 ( Season 2 )Wo Geschichten leben. Entdecke jetzt