ChanBaek OneShotRing Ring
အဆက်မပြတ်မြည်နေတဲ့ ph သံကြောင့် Chanyeol ဘေးကခေါင်းအုံးကိုဆွဲယူရင်း နားပေါ်ဖိပြီးပြန်အိပ်သည်။ သို့သော်လည်း Ph သံကရပ်မသွား။
ကျစ်ခနဲစုတ်သပ်ပြီး နံရံပေါ်ကနာရီကိုလှမ်းကြည့်တော့မနက် ၆ : ၄၀ ။
စိတ်တိုတိုနဲ့ Ph ကိုလှမ်းယူပြီး ကြည့်တော့ Seyeon။ Video Call ခေါ်နေတာ။
Seyeon ကဒီအချိန်ကြီးဘာကိစ္စရှိလို့ပါလိမ့်။
"အင်း ... Seyeonna"
"အင်း ... ငါထင်တယ် ငါထင်တယ် .. နင်အိပ်နေတုန်းပဲလို့"
"ဟီး"
Chanyeol ထုံးစံအတိုင်းသွား ၃၂ ချောင်းလုံးပေါ်အောင်ရယ်ပြလိုက်တော့ မျက်စောင်းထိုးလာတဲ့သူမ။
"လာဖြီးပြမနေနဲ့ မသာကောင် .. နင်ဒီနေ့ interview ဖြေရမှာလေ မေ့နေတာလား?"
ဟင်?
"ဟဲ့ ... ဒီနေ့ဘယ်နှရက်နေ့?"
"26 လေ"
ဟာ ... သွားပြီ။ ၈ နာရီအရောက်သွားရမှာကို အခုပဲ 7 နာရီထိုးတော့မယ်။ ဒီကသွားရမှာနဲ့ ... ဟာကွာ။
"ဟဲ့ ... ဒါပဲ ... ငါနောက်ကျနေပြီ"
ပြောပြီးပြီးချင်း ph တောင်မပိတ်နိုင်ဘဲ ခုတင်ပေါ်က ပြေးဆင်းသွားတဲ့ Chanyeol ကြောင့် Seyeon အားရပါးရကိုရယ်မိသည်။
ဟင်း .... ငါ့ကိုကျေးဇူးတင်။
ChanBaek ❤ Adore You ❤
"ဟူး ... တော်သေးတာပေါ့"
ရှေ့က " Anato Adahi"အဆောက်အဦးကြီးကိုလှမ်းမြင်မှ Chanyeol တစ်ယောက်သက်ပြင်းချနိုင်တော့သည်။ လူကူးမျဉ်းကျားဘက်သွားဖို့လှမ်းနေတုန်း ဘောင်းဘီအိတ်ထဲက အသံမြည်လာတာကြောင့် ထုတ်ကြည့်မိတော့ Seyeon။
"အေး ... ပြော"
Ph ကိုမျက်နှာရှေ့်ထုတ်ယူရင်း ခပ်ပြုံးပြုံးပြောတော့ မနက်စာစားနေပုံရတဲ့ Seyeon ကပြုံးလို့။