နေ့လည်စာ စားချိန် (၁)နာရီ လုံး သူတို့နှစ်ယောက် ကန်တင်းမှာပဲ ထိုင်နေခဲ့ကြသည်။
စကားတပြောပြော .. ရယ်ရယ်မောမောဖြင့်...
" Jjaeni ... ဒါဆို မင်း ငါ့ကို သေသေချာချာ ပြန်မှတ်မိသွားပြီပေါ့နော်... ဝမ်းသာလိုက်တာ...ငါ့ကလေးလေး Jjaeni လေးက ငါ့ကိုပြန်မှတ်မိပြီတဲ့ "
" တိုးတိုးသာသာ အော်ပါ...crush ဆီက အဖြေရတာ ကြနေတာပဲ ... " JH က ဒီတိုင်းပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်ခြင်းသာ။
" အမယ်...မင်းဘာသိလို့လဲ...အခုဟာက crush ဆီက အဖြေရတာထက်ကို ပိုပျော်ရမယ့်အရာကွ"
" အဖြေရစရာ crush လဲ မရှိဘဲ နဲ့...အဖြေပြန်ပေးစရာ crush ပဲရှိတာ မလား "
" ဟင်.. ဘယ်သူ့ကိုအဖြေပေးရမှာ "
" မသိဘူးလေ ...ရှိမလားလို့.... ပြောကြည့်တာပါ "
" မရှိဘူး...ဘာ ခွက်မှ မရှိဘူး....ဘယ်သူ့ကိုမှ လဲ မခွက်ဘူး... crush ရတယ်ဆိုတာ မရေမရာ မသေမချာ တွေပဲ တစ်ယောက်နဲ့ တစ်ယောက် crush ကြတာ ... ကိုယ်က ခွက် စရာမလိုဘူး "
MH ကပြောပြီး အအေး သောက်လိုက်၏။
" ဩော်...ဒါဆို လူပျိုကြီးလုပ်မှာပေါ့ "
" ဘယ်သူက လုပ်မယ်ပြောလို့လဲ "
MH က အအေးစုပ်နေသော JH ခေါင်းကိုမနာအောင် ဖွဖွလေး စာအုပ်ဖြင့်ထုလိုက်သည်။JH က ရယ်လျက်...
" hyung အတန်းချိန်ပြန်စတော့မယ်...နောက်တစ်ချိန်က တူတူသင်ရမှာမလား...သွားမယ်လာ "
" အင်းအင်း.." သောက်လက်စ အအေးကို အမြန် ကုန်အောင် ပိုက်ဖြင့် စုပ်လိုက်ရင်း
Jh နောက်သို့ အမီ ပြေးလိုက်ခဲ့၏။~~~~
" ဒါဆို ဆရာ ဒီနေ့ assignment တစ်ခုပေးမယ်...pair work နော် ၂ယောက် တစ်တွဲ ...ကိုယ့်အတွဲ ကိုယ်ရွေးချယ်နိုင်တယ်... တွဲချင်တဲ့ သူနဲ့ တွဲချင်သလိုတွဲပါ" (ဟေး.....ကျောင်းသားများက စပ်ဖြီးဖြီး)
ထိုအချိန် MH က JH ကိုလှည့်ကြည့်လိုက်၏။
JH ကလဲ သူ့ကိုကြည့်နေချိန်နှင့် ဆုံသွားသဖြင့် နှစ်ယောက်သား ကပျာကယာ ပြန်လှည့်လိုက်ကြသည်။
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanficမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...