မယ်ရီယမ်နာ

149 14 0
                                    

ချစ်သော မယ်ရီယမ်နာ ဝေးကွာခြင်းတွေကို ဦးတည်ရင်းနဲ့ပဲ ကျောခြင်းကပ်ရပ်နဲ့ ငါတို့တွေ မိုင်ပေါင်းထောင်ချီ ဝေးကြခဲ့ပြီ

ငါတို့တွေ အနာဂတ်ကို ကြိုမြင်ခဲ့ရမှာ မယ်ရီယမ်နာ အခုတော့ မမြင်ရတဲ့အနာဂတ်ကို ပုံအောရင်း ချစ်ခြင်းတရားတွေကို စောစောစီးစီး အဆုံးသတ် ပစ်ခဲ့ကြတာ သိပ်ရူးမိုက်ခဲ့ကြတာပဲကွယ်

ဒီလိုမှန်းသိရင် ငါမင်းကို ပိုချစ်ခဲ့ပေးပါတယ် ဒီလိုမှန်းသိရင် ငါမင်းကို လေးလံတဲ့ ချစ်ခြင်းတရားတွေနဲ့ ထိထွေ့ခွင့်မပေးသင့်ခဲ့ပါဘူး

ဒီလိုမှန်းသိရင် ငါ့ဘဝထဲကို မင်းကို ဆွဲမခေါ်ခဲ့ပါဘူး မယ်ရီယမ်နာရေ အခုတော့ အစကနေအဆုံးထိ ငါ့မှာ  ဒဏ်ရာပလပွ အချစ်တွေ မြေကြွေကျ ရင်ပက် ဟောင်းလောင်းနဲ့ နောင်တတွေကို ပန်ဆင် အထီးကျန်ခြင်းတွေကို အဖော်ပြုနေရတယ်

ချစ်သော မယ်ရီယမ်နာရေ ပျော်ရွှင်ခြင်းတွေကို ကြိုးစားဟန်ဆောင်လုပ်ပြနေကြတဲ့ ငါတို့နှစ်ဦးစလုံးဟာ တကယ်တော့ ရူးနေကြတာလဲ မဟုတ်ဘူး ခံနိုင်ရည်တွေလဲ မရှိကြပေမယ့် မသေဆုံးခင်အထိ ဝဋ်ကြွေးတွေ ကြိုးစားပေးဆပ်နေကြတာပဲကွယ်

ငါ မင်းကို သတိရရင် ချစ်ခြင်းတရားတွေနဲ့ နှစ်သိမ့်တယ်
မင်းငါ့ကို သတိရရင် ငါ့အပေါ် မုန်းတီးခြင်းတွေနဲ့ ဖြေပါ အယ်ရီယမ်နာ
တစ်ခြားမိန်းမတစ်ယောက်ရဲ့ လက်ကို ကိုင်ဆွဲရင်းနဲ့ ငါ့နဲ့တုန်းကဆိုတဲ့ သောက်ရေးမပါတဲ့ နာကျင်ရတဲ့ သွေးစိမ်းရှင်အခန်းတွေကို ပြန်ဖွင့်ဖို့ မကြိုးစားပဲ ပျော်ရွှင်အောင်နေပါ

ငါလဲ ပျော်နေပါတယ် အယ်ရီယမ်နာ မရှိတာတွေကို အရှိလုပ်ရင်း ငါပျော်ပါတယ်
မိုးလင်းတာနဲ့ ဖုန်းမှာ မရှိတဲ့ နှုတ်ဆက်စာတွေကို အရှိဟန်ဆောင်ပြု ငါပြန်စာတွေရိုက်ရင်း ပျော်ပါတယ်
မင်းရှိနေတဲ့ အမှတ်နဲ့ မင်းကို မပေးလိုက်ရတဲ့ ငါ့ရဲ့ချစ်ခြင်းတရားတွေကို ငါ ပျော်ပျော်ကြီး ပေးရင်း ရှင်သန်နေပါတယ်

ငါ့အတွက် မပူပါနဲ့ အယ်ရီယမ်နာ လိမ်လည်မှုတွေနဲ့ နေသားကျနေတဲ့ ငါပါကွယ်
မင်း ဆီကို အမှန်တရားတွေ ချပြရင်းနဲ့ လူလိမ်ဆိုတဲ့ မင်းပေးထားတဲ့ အမည်နာမကို သုံးဆောင်ရင်း ငါ စကားတွေ နည်းသွားပါတယ်

လူတစ်ယောက်ဟာ နာကျင်စရာတွေများရင် တိတ်ဆိတ်သွားတတ်ကြတယ်တဲ့ ကွယ်
မင်း သဘောကျလှပါတယ်ဆိုတဲ့ ငါ့ရဲ့အသံတွေက အခုအကျည်းတန်သွားပြီ အယ်ရီယမ်နာ အရင်လို ချိုသာလှခြင်းမရှိတော့ဘူး မင်းသဘောကျပါတယ်ဆိုတဲ့ ငါ့ရဲ့ရီသံတွေဟာ အခုချိန်မှာ အက်ကွဲသံတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ

ငါရဲ့နေ့ရက်တိုင်းမှာ မင်းမပါဝင်တော့ပေမယ့် ငါ့ရဲ့ချစ်ခြင်းတရားတွေမှာ မင်းပါဝင်နေဆဲပါ ချစ်သော မယ်ရီယမ်နာ ဒါကြောင့် မင်းအကြောင်း တွေးတိုင်း မျက်ရည်ဝဲတတ်တဲ့ ငါ့ကို မင်းအတွေးထဲ ပုံဖော်ထားတဲ့ ငါ့ပုံရိပ်နဲ့ မနှိုင်းယှဉ်ပါနဲ့
ငါ့ကို မသနားပါနဲ့ မယ်ရီယမ်နာ
ငါ့ကို မင်းဘဝဆက်တိုက် ကျိန်ဆဲရင်း နဲ့ မင်းရဲ့ ကျန်ရှိနေတဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းပါကွယ်

ငါကတော့ မိုင်ပေါင်း ၅သောင်းအကွာအဝေးကနေ မင်းအပျော်တွေကို နားစွင့်ရင်း ငိုကြွေးနေပါတယ်
ငါ့မှာတော့ ဒီမှာ မင်းအပျော်တွေကို ငေးရင်းနဲ့ပေါ့ကွယ်

ကျွန်မ ချစ်သော စာစုများWhere stories live. Discover now