{Zawgyi}
သာယာတဲ့မနက်ခင်းလေးမှာ Osakaမြို့ကမူလတန်းကျောင်း၁ခုမှာတော့ သူတို့ရဲ့ကလေးတွေကိုကျောင်းလိုက်ပို့တဲ့ ကလေးမိဘတွေ၊ကျောင်းတက်ချိန်အမီ ရောက်လာကြတဲ့ကျောင်းကားတွေနဲ့မနက်ခင်း မြင်ကွင်းလေးဟာ အသက်ဝင်လှုပ်ရှားနေသည်။
ကျောင်းပို့ပြီးသွားတဲ့နောက်မှာတော့ ကလေးမိဘတွေလဲပြန်သွားကြသည်။ သိပ်မကြာခင်မှာ ကျောင်းတက်ခေါင်းလောင်း ထိုးသွားတာကြောင့်ကလေးတွေလည်းသူတို့ရဲ့ စာသင်ခန်းတွေထဲအသီးသီးဝင်သွားကြသည်။
စာသင်ခန်းတစ်ခုမှာတော့ အဲ့ဒီစာသင်ခန်းရဲ့အတန်းပိုင်ဆရာမဟာ သူ့စာသင်ခန်းထဲကိုကလေးမလေးတစ်ယောက်ကိုအသာလက်ဆွဲခေါ်လာပြီးတော့ အခန်းထဲမှာရှိတဲ့ကလေးတွေကိုကြည့်ရင်း စကားစလိုက်သည်။
"Ohayõ gozaimasuကလေးတို့
ဆရာမ ကလေးတို့ကိုပြောစရာတစ်ခုရှိတယ်
ဒီနေ့ ဆရာမတို့အတန်းထဲကိုချစ်စရာကောင်းတဲ့ အတန်းသူအသစ်လေးရောက်လာတယ် သမီးလေး ဒီအတန်းထဲကသူတွေကိုသမီးနာမည်လေး ပြောပြပါဦး"ဆရာမရဲ့စကားဆုံးသွားတဲ့နောက်မှာတော့ ထိုကလေးမလေးဟာ အတန်းထဲမှာရှိတဲ့တခြားကလေးတွေကိုမရဲတရဲ ကြည့်လိုက်ပြီးသူ့ကိုယ်သူမိတ်ဆက်လိုက်သည်။
"ငါ့နာမည်ကYuriပါ"
"ကဲ သမီးYuriနဲ့ကျန်တဲ့သူတွေအကုန်လုံး ချစ်ချစ်ခင်ခင်နေကြမယ်နော် Yuri chan ဟိုနားကလွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်နော်"
"ဟုတ်ကဲ့ပါ ဆရာမ"
"ကလေးတွေ ဆရာမတို့စာစသင်ကြမယ်နော်"
Yuri's pov,
(ငါဘသူနဲ့သူငယ်ချင်းလုပ်ရမလဲ ငါ့ကိုရောခင်ပါ့မလား😯)Yuri ဆရာမသူ့ကိုချပေးတဲ့နေရာမှာ ထိုင်နေရင်းစဉ်းစားနေတုံး သူမဘေးနားကကောင်လေးကသူမကို ရုတ်တရက်စကားစပြောလာသည်။
"ဟိတ် ငါ့ဆီမှာသကြားလုံးရှိတယ် စားလို့ကောင်းတယ် နင်စားချင်လား🍬"
Yuriသူမကိုသကြားလုံးတွေလာပေးနေတဲ့ ကောင်လေးကိုမရဲတရဲကြည့်လိုက်သည်။
Yuri's pov,
(သူက မျက်လုံးပြူးပြူးလေးပါလား👀 သူ့လက်ထဲကသကြားလုံးတွေက စားချင်စရာကြီး စားလို့ကောင်းမယ့်ပုံပဲ🍬)
YOU ARE READING
I've always loved you ❤ (Completed)
Romance💓Sweet love story between two childhood friends👫💓 Zawgyi & Unicode