အပိုင်း ၁၃

7.7K 612 10
                                    

ဆေးရောင်ပြယ်ချင်ချင်ဖြစ်နေတဲ့ အုတ်ဂူလေးရှေ့မှာ နွမ်းလျစွာရပ်နေတဲ့ ကောင်လေးနှစ်ဦး.........
တစ်ဦးရဲ့ပုံရိပ်မှာ ဝမ်းနည်းမှုတို့ ဆွတ်ပျံ့နေသော်ငြား.......
တစ်ဦးကတော့ နားလည်မှုမျက်ဝန်းတွေနဲ့ ထိုကောင်လေးကို ကြည့်လို့နေတယ်...

အုပ်ဂူထက်မှာတော့ ပြည့်စုံလွန်း ဆိုတဲ့ အမည်လေးက ငြိမ်သက်စွာ လဲလျောင်းလို့

အတူရှိနေစဉ်ကတောင် လွယ်လွယ်ကူကူ ပြောမထွက်ခဲ့တဲ့စကားတစ်ခွန်းက
သူမရှိတော့တဲ့အချိန်မှာ ပိုလို့တောင် ပြောမထွက်ခဲ့..........

"ပြောလိုက်ပါ နိုင်နိုင် .........
သူအကြားချင်ခဲ့ဆုံး စကားတစ်ခွန်း.... ပြီးတော့ နိုင်နိုင်ကိုယ်တိုင်အပြောချင်ခဲ့ဆုံး စကားတစ်ခွန်းကို ရဲရဲဝံ့ဝံ့ပြောလိုက်ပါ....."

"သူ ကြားနိုင်မှာလား"

"တစ်ကယ်လို့ သူအရမ်းမျှော်လင့်ခဲ့တယ်ဆိုရင် ရှိနေဆဲနေရာကနေ သူကြားနိုင်မှာပါ"

ကျွန်တော့်စကားအဆုံးမှာ အရည်ကြည်တို့ ရစ်သိုင်းလေတဲ့ မျက်ဝန်းတစ်စုံနဲ့အတူ ကျွန်တော့်ကိုမော့ကြည့်လာတော့.......
ကျွန်တော် နူးညံ့စွာပဲပြုံးပြလိုက်မိတယ်။

လက်ထဲမှာကိုင်ထားတဲ့ အဖြူရောင်နှင်းဆီပန်းစည်းလေးကို အုတ်ဂူဖြူဖြူလေးပေါ်တင်လိုက်ရင်း
ရင်ထဲမှာ နှစ်နှစ်ကာကာနဲ့ တိတ်တခိုးရေရွတ်လိုက်မိတယ်.....

သူ ငြိမ်းချမ်းပါစေ
ပြီးတော့
အခုဝန်ခံမဲ့စကားတွေ သူ ကြားနိုင်ပါစေ......

အုံ့မှိုင်းလာတဲ့မိုးသားတို့က ကျွန်တော့်ရဲ့ မှိုင်းညို့နေတဲ့ စိတ်အခြေအနေနဲ့များ ထပ်တူကျနေမလား........

ရွာလိုက်စမ်းပါ......
ချစ်တယ်ဆိုတဲ့စကားကို မျက်ရည်တွေကြားက မပြောချင်တာမို့ မိုးရေစက်တွေနဲ့အတူ ရောထွေးလို့ ဟန်ဆောင်လိုက်ပါရစေ........

ရင်ထဲက ဆုတောင်းသံကို ကြားသွားသည်ထင်တယ်
တဖြောက်ဖြောက်ကျလာတဲ့ မိုးစက်တွေ.......

"မိုးရွာလာပြီ
မိုးကာက ဆိုင်ကယ်ပေါ်မှာ ကျွန်တော် သွားယူလိုက်အုံးမယ်"

ရာနှုန်းပြည့်ချစ်ခြင်းတရားတို့ဆီWhere stories live. Discover now