Yi En Don't leave me..
Part 11
(AN- ဒီအပိုင်းကစပြီးတော့ မင်းသားကို Wonjanim ... အိမ်ရှေ့မင်းသားဆို Taeja Cheona ဆိုတဲ့ အသုံးတွေနဲ့ပဲ အသုံးပြုပါတော့မယ်ရှင့် အမှားယွင်းများရှိပါကလည်း ခွင့်လွှတ်ပေးကြဖို့ ကြိုတင် တောင်းပန်အပ်ပါတယ်)
မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးလေးက လောကကြီးတစ်ခုလုံးကို ညင်သာစွာခြုံလွှမ်းလိုက်ပြီး နေ့သစ်တစ်နေ့တာ အစပြုဖို့အတွက် လူသားတို့ကို ထ လော့ ဟု သတိပေးနေသလိုပင်.....
ထိုမနက်ခင်းနေရောင်ခြည်အောက်မှာ သွက်လက်တဲ့ခြေလှမ်းတွေနဲ့ လှမ်းနေတဲ့ မင်းသားလေးတစ်ပါးကတော့ သူသိလိုတဲ့ပဟေဠိကိုဖြေပေးနိုင်တဲ့သူဆီကို ခြေလှမ်းတွေဦးတည်နေသည်....ခဏကြာတော့
အထိန်းတော်- (90°bow..) Ji Xiu Wonjanim ကိုဂါရဝပြုပါတယ်
MH- Jinyoung Hyungnim နဲ့တွေ့ချင်လို့ပါ မနက်စောစောလာတာ ရိုင်းတဲ့အပြုမူဖြစ်သွားမယ်ဆိုရင်လည်း တောင်းပန်ပါတယ်.. အခုကိစ္စက အရမ်းအရေးကြီးနေလို့ပါ...
အထိန်းတော်-Yae Yae....
အထိန်းတော်လျှောက်တင်ဖို့လုပ်တုန်းမှာပဲ....
MH- Hyungnim .. Hyungnim !!!! Jinyoung Hyungnim နိုးပြီလား??
အပြင်ဘက်ဆီမှ ခေါ်သံကိုကြားရသဖြင့် ဖတ်နေဆဲ စာကို ခေတ္တချထားပြီး..
JY pov- Minghaoပါလား?? ဒီလောက် မနက်အစောကြီးကို ဘာတွေများအရေးင်္ကြီးကိစ္စရှိလာပါလိမ့်.. Yi En တစ်ခုခုများဖြစ်လို့လား... အမ် မဟုတ်သေးပါဘူး. Yi Enက နန်းတော်အပြင်မှာနေတာ သူက နန်းတွင်းထဲမှာနေတာ ဘာမှမဆိုင်ဘူးလေ.. Arrr.. ငါတစ်ယောက်နဲ့လည်းလေ.. တစ်ခုခုဆိုတာနဲ့ Yi Enကိုပဲ စိတ် ပူ ပူ မိနေတယ်.. arrr စိတ်ထိန်းစမ်းပါ Park Jinyoungရာ... Yi Enက ကလေးလေးမှမဟုတ်တော့တာ😖
တောင်တွေး မြောက်တွေး တွေတွေးပြီး အဆောင်အပြင်မှာ သူ့ရဲ့ ခွင့်ပြုချက်ကိုစောင့်နေတဲ့ Minghaoကို Jinyoung မေ့သွားသည်။
"Hyungnim... Jinyoung Hyungnim.."
"Taeja Cheona (အိမ်ရှေ့စံ) Taeja Cheona"
သည်တော့မှပဲ~~
"Ar.. Minhao ရောက်နေတာပဲ (အသံကို အနည်းငယ်မြှင့်လိုက်ပြီး) ဝင်ခဲ့လေ Minghao.. Hyung နိုးနေပါပြီကွ
YOU ARE READING
Yi En... Don't Leave Me
Fanfictionထီးနန်းလည်းစွန့်ရဲတယ် သေလည်းသေရဲတယ် အရာအားလုံးလည်းအဆုံးရှုံးခံရဲခဲ့တဲ့ငါဟာ မင်းမရှိပဲနဲ့တော့ မနေနိုင်ခဲ့ဘူး Yi En....