Zawgyi
Mr.Doတစ်ယောက် GongWonနယ်မြေကို မွေးရပ်မြေဖြစ်သဖြင့် မခွဲချင်မခွာချင်ပေအထည်လုပ်ငန်းဆက်လုပ်လိုခြင်းလည်းမရှိတော့သဖြင့် ဖျက်သိမ်းခဲ့သည်
အခုသူက အလုပ်လက်မဲ့သာ
ထို့ကြောင့် မိသားစုအပေါ် တာဝန်မကြေ
သလို ခံစားမိသဖြင့် အိမ်သိပ်မပြန်ပေ
မိန်းမဖြစ်သူကိုလည်း အရမ်းချစ်သဖြင့်
သူ့အပူအားမမျှဝေချင်ပါ
စိတ်ချမ်းသာစွာသာနေစေလိုသည်
ဒါချစ်တတ်သူတိုင်းဆန္ဒပါ...ထို့ကြောင့် သူ့ခံစားချက်များကိုရင်ဖွင့်ရာက ဒီဒိုင်ယာရီစာအုပ်လေးသာ
သူ့လုပ်ကိုင်သမျှ နေ့စဉ်မှတ်တမ်းများနေ့စဉ်ရေးကာ အပန်းဖြေရင် ပြန်လည်
သုံးသပ်သည့်အကျင့်ရှိသူအတွက် ကောင်းသောအကျင့်ပါပေနောက်သူစီးပွားရေးကွက်သစ်ရှာဖွေတော့သည်
ဒါကြောင့် ပင်လယ်နှင့်နီးသောမြို့စွန်ဘက်၌ ပင်လယ်ရေညှိလုပ်ငန်းလုပ်ကိုင်ရန် စုံစမ်းနေခဲ့သည်
ဒါကို သားနှင့်ဇနီးသည်အားပြောပြထား ခြင်း မရှိသေးပေ
နောက်ပိုင်း ဒီရေညှိလုပ်ငန်းအောင်မြင်လာမှ ရှင်းပြရန်တေးထားခဲ့သည်သူကလည်း လုပ်ငန်းသစ်အတွက်မအားမလပ်ဖြစ်နေ၍ အိမ်သိပ်မကပ်ဖြစ်
ဒါကို Mrs.Doက စီးပွားရေးအကြောင်းသိပ်နားမလည်သူလည်းဖြစ်တော့
Mr.Doစီးပွားပျက်၍ စိတ်ညစ်သည်ပဲထင်မှတ်ကာအရင်က အထည်အလိပ်လုပ်ငန်း ဖျက်သိမ်းသည်ကိုလည်း Park Groupကြောင့်အရှုံးပေါ်သည်သာ ထင်မှတ်ကာ
Park Groupအပေါ် အငြိုးအတေးထားမိသည်ဒါကလည်း Mr.Doရဲ့ ရှင်းရှင်းလင်းလင်း
ဆွေးနွေးတိုင်ပင်ခဲ့ခြင်းမရှိမှုနှင့် ဇနီးသည်
အားအပူအပင်ကင်းကင်းနှင့် ချမ်းချမ်းသာသာနေစေသော စိတ်ကြောင့်သာပင်
VOCÊ ESTÁ LENDO
Infinity[Completed](Z+U)
FanficChansoo. Ficလေးပါ Rommanceလေးပေါ့???? Edit ver: ChanDiဆိုလို့ :3