လူတွေဟာ ဘဝသက်တမ်း တစ်လျှောက်လုံးမှာ ရွေးချယ်မူတွေ စဉ်ဆက်မပြတ် ပြုလုပ်ကြရပြီး ၊ ကိုယ့်ရဲ့ ရွေးချယ်မူတွေ အပေါ် မူတည်ပြီး ကွဲပြားခြားနားတဲ့ ရလဒ်တွေ ကိုယ်စီ အသီးသီး ရရှိ ခံစားစံစားကြရလေတယ် ။
ဒီလူသုံးယောက်ကကော ဘယ်လို ရွေးချယ်မူတွေ ပြုလုပ်ကြမှာလဲ ?
မှောက်မိုက်လှတဲ့ ညဟာ မှင်ရည်စွန်းနေတဲ့ ကောင်ကင်ပြင်ထဲ မိုးသားတိမ်တိုက်တွေကို မျှောလွင့်စေပြီး မြို့ထဲကို တိတ်ဆိတ်တိုးငြင်းစွာ ချည်းနည်းဝင်ရောက်လာခဲ့လေတယ် ။ ပန်းချီဆရာတစ်ယောက် စုတ်ချက်ခပ်ကြမ်းကြမ်း ရေးခြစ်လိုက်သမျိုး အေးစိမ့်လှတဲ့ ညဥ့်လေညှင်းဟာ တိမ်တိုက်တွေကို ဖြိုခွင်းပြီး ကောင်းကင်ယံအနှံ့ ဖြန့်ကျက် ပြေးလွှားသွားစေခဲ့လေတယ် ။ ပတ်ဝန်းကျင်တစ်ခွင် မြူခိုးတွေနဲ့ ဝေဝါးနေပေမယ့်လည်း မြို့တော်အတွင်းမှာတော့ ထိန်ထိန်ညှီးညှီး ထွန်းတောက်နေတဲ့ အလင်းရောင်များကြောင့် ကောင်းကင်ဘုံသဖွယ် တင့်တယ်လင်းလက်လို့ နေလေတယ် ။
အနက်ရောင် ကားတစ်စီးဟာ မြို့တော်ရဲ့ အကောင်းဆုံး အဆင့်မြင့် ဇိမ်ခံဟော်တယ်တစ်ခုရဲ့ ဝင်ပေါက်တံခါးရှေ့မှာ ညင်သာစွာ ရပ်တန့်သွားခဲ့တယ် ။ အဖြူရောင် ဆင်မြန်းထားတဲ့ လူရွယ်လေးဟာ သူ့နံဘေး အမှောင်ရိပ်ထဲမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို စိတ်မပါ့တပါ လေသံမျိုးနဲ့ စကားပြောလိုက်တယ် ။
" ကျွန်တော် သွားရတော့မယ် ။ "
" ကောင်းပြီလေ ။ "
အဖြေပြန်ပေးလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ စကားသံဟာ အလေးမထားတဲ့ ပုံစံမျိုး မဟုတ်သလို ၊ တစ်ဖက်လူကို ဂရုစိုက်တဲ့ လေသံမျိုးလည်း မဟုတ်ဘူး ။
Ge Chen ဟာ တစ်ဖက်က ပုဂ္ဂိုလ်ရဲ့ လက်မောင်းကို အားနဲ့ ခပ်ပြင်းပြင်းတစ်ချက် ဆွဲညှစ်ဆုပ်ကိုင်လိုက်တယ် ။
" Tian Chen ... ခင်ဗျား ကျွန်တော့်ကို ပေးထားတဲ့ ကတိကို မမေ့လိုက်နဲ့နော် ။ "
" ငါပြောထားတဲ့စကားကို ငါမှတ်မိပါတယ် ။ "
Lu Tian Chen ဟာ ခပ်ရှင်းရှင်းပဲ အဖြေပြန်ပေးလိုက်တယ် ။
CZYTASZ
True Star (Myanmar Translation )
Romansလတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဒီဇာတ်လမ်းလေးကို တည်ဆောက်ထားတာဟာ သမရိုးကျ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကွဲထွက်နေပြီး ရုပ်ရှင် Industry အကြောင်းနဲ့ သရုပ်ဆောင်ခြင်...