[ZawGyi]
လင်းသူမျက်နှာက မှုန်ကုတ်နေတယ်။ ခေါင်းကဆံပင်တွေကလည်း ဘယ်လောက်တောင်ဖွထားလဲမသိဘူး ရှုပ်ပွပုံပျက်နေတယ်။ ကြည့်လိုက်တာနဲ့ သူစိတ်ညစ်နေမှန်း သိသိသာသာ မြင်နိုင်တယ်။
လင်းသူစိတ်ရှုပ်ရခြင်း တရားခံကလည်း ရုံးမှာငုတ်တုတ်ကြီးရှိပါတယ်။ အဲ့တစ်ယောက်ဟာ ဗလအားကိုးနဲ့ (အဲလေ သူကငဖောင်ရိုးလေးပဲဟာ) မှားလို့ ရာထူးအားကိုးနဲ့ အနိုင်ကျင့်ချင်တတ်တဲ့ သူမျိုးလေ။
ပြသနာကတော့ သူ့အထက်က ဦးစီးအရာရှိ (ငဖောင်ရိုး😛) က လင်းသူမလုပ်ဖူးတဲ့ အလုပ်တစ်ခုကို ဘာတစ်ခုမှ သင်မပေးပဲ လုပ်ခိုင်းလိုက်တာပါ။
တမင်လုပ်မှန်းလည်း သိပါတယ်။ ဒါပေမယ့် လင်းသူကလည်း မာနခဲလေ။ သူ့ကိုမသင်ပေးရင် သူကလည်း သွားမမေးနိုင်ဘူးတဲ့။
လင်းသူဒီလိုဖြစ်နေတာကြည့်ပြီး ချစ်သူအောင်က လင်းသူထိုင်နေတဲ့ခုံနောက်မှာ မတ်တပ်လာရပ်တယ်။ ပြီးတော့ ရှုပ်ထွေးနေတဲ့ လင်းသူခေါင်းပေါ်က ဆံပင်တွေကို သပ်ရပ်သွားအောင် ပြုပြင်ပေးနေတယ်။
ပြီးမှ လင်းသူပခုံးနှစ်ဘက်ပေါ်ကို လက်လေးတင်ပြီး နောက်ကနေခေါင်းငုံ့လို့
" ဘာတွေဖြစ်နေတာလဲ လင်း".....
" ဘာပြသနာ ရှိလို့လဲ " တဲ့ပြုံးပြီးမေးတော့... လင်းသူက
" ငါစိတ်ရှုပ်နေတယ်နော် မင်းကပါ ပြသနာလာမရှာနဲ့"ဆိုပြီး ချစ်သူအောင်ကို လှည့်အော်တယ်.....။
ချစ်သူအောင်ကတော့ အပြုံးမပျက်ပဲ ဆက်ပြောတယ်။
" အင်း... ငါသိတယ် မင်းစိတ်ရှုပ်နေတဲ့ အကြောင်းကို" ဆိုပြီး စားပွဲကိုပတ်သွားပြီး လင်းသူနဲ့မျက်နှာချင်းဆိုင်မှာ လာထိုင်တယ်။
" ငါမင်းကိုပြောပြမယ် သူငယ်ချင်း.... မင်းကို လူတစ်ယောက်က စိတ်အနှောင့်အယှက်ဖြစ်စေချင်တယ်ဆိုပါတော့။ အဲတော့ သူဖြစ်ချင်တဲ့အတိုင်း မင်းကလည်း စိတ်အနှောင့်အယှက်ဖြစ်သွားပီဆိုရင် မင်းရှုံးတာပေါ့။ .... ..မင်းစဉ်းစားကြည့်ပါ မင်းအခက်အခဲဖြစ်တာကို မြင်ချင်နေတဲ့လူရှေ့မှာ မင်းရဲ့ အခက်အခဲဖြစ်နေတဲ့ပုံစံကို ပြချင်လို့လားဟင်......."
CZYTASZ
You Are The Other Half Of Me
Romansကိုယ်ချစ်ရသော ... ကိုယ့်ရဲ့. .....အသည်းတခြမ်း "လင်း" ♡ ♡ ♡ ကိုယ်ချစ်ရသော... ကိုယ့်ရဲ့ ..... အသည်းတစ်ခြမ်း "လင်း" From {18 May 2018} To {19 July 2018}