Forget Me Not ....

864 96 36
                                    

ငါတို့​ဝေးကွာသွားတဲ့အခါ အရင်​တုန်းက အမှတ်​တရ​တွေကို
မ​မေ့ပါနဲ့ ။
ငါတို့ မ​တွေ့ဆုံဖြစ်​​တော့တဲ့အခါ ချစ်​ခဲ့ဖူးတဲ့ အတိတ်​​တွေကို
မ​မေ့ပါနဲ့ ။
မင်းနားမှာ ငါမရှိ​တော့တဲ့အခါ မင်းကိုချစ်​ခဲ့ဖူးတဲ့ 'ငါ့' ကို
မ​မေ့ပါနဲ့ ။

••••••••••••••••••••••••••••••••••••••••••••

Baekhyun စိတ်​​တွေ ငြိမ်းချမ်း​နေသည်​။
လွန်​ခဲ့​သော တစ်​ပတ်​က ၁၀နှစ်​ကြာ ​နေခဲ့​သော England မှ ပြန်​လာခဲ့​သော သူ့အဖို့ အရာရာဟာ ဆန်းသစ်​လို့​နေသည်​။
Seoul သည်​ သူသွားစဉ်​ကနှင့်​ပင်​ မတူ​တော့ဘဲ အရာရာ တိုးတက်​​ပြောင်းလဲသွား​လေသည်​။သို့​သော်​ သူ အ​ကြောင်းအရာ ​တော်​​တော်​များများကို မမှတ်​မိ​တော့​ချေ...။

လွန်​ခဲ့​သော ၁၀ နှစ်​က accident တစ်​ခုဖြစ်​ခဲ့​သော​ကြောင့်​ ​ခေါင်းထိခိုက်​သွားပီး England သို့ သွား၍ကုသခဲ့ရသည်​။ထို ထိခိုက်​​သောဒဏ်​ရာ​ကြောင့်​ သူ၏ အတိတ်​​တော်​​တော်​များများကို ​မေ့​ပျောက်​သွားသည်​။ထို့​ကြောင့်​ အ​မေက seoul ကို မပြန်​​စေချင်​​တော့ဘဲ England မှာဘဲ ​နေ​စေချင်​သည်​...။

သို့​သော်​ လွန်​ခဲ့​သော တစ်​လမှစ၍ ညစဉ်​တိုင်းလိုလို အိပ်​မက်​ဆိုးများမက်​သည်​။အိပ်​မက်​ထဲတွင်​ အပြာ​ရောင်​ ပန်းပွင့်​ငယ်​​လေးများပါဝင်​​သော ပန်းစည်းတစ်​ခုကို ကိုင်​​ဆောင်​ထား​သော အရပ်​ရှည်​​၍ ကျယ်​ပြန့်​​သော​ကျောပြင်​နှင့်​ပုခုံးတို့ ပိုင်​ဆိုင်​ထား​သော ​ယောက်ျားတစ်​ဦးကို ​တွေ့သည်​။ထိုသူဘယ်​သူမှန်း သူမသိပါ​ချေ။ သို့​သော်​ အိပ်​မက်​မှ နိုးထလာတိုင်း ရင်​ခုန်​သံတို့ ထိန်းမရ​အောင်​ မြည်​ဟည်း​နေပီး ရင်​တွင်းတစ်​​နေရာမှ စူးစူးနင့်​နင့်​ နာကျင်​လာသည်​...။

ဒီအ​ကြောင်း​တွေသည်​ ကျွန်​​တော့်​၏ အတိတ်​​တွေလား။ထိုသူနှင့်​ ကျွန်​​တော်​ဟာ အတိတ်​မှာ ဘယ်​လိုပက်​သက်​ခဲ့လို ထိုသူ့ကို​တွေ့တိုင်း နှလုံးသားဟာ လှိုက်​ခုန်​​မောလာပီး နာကျင်​လာရသည်​လဲ​လေ။ထိုအ​ကြောင်းအရာများကို ​သေချာသိရန်​အတွက်​ ကျွန်​​တော့်​၏ အမိ​မြေဖြစ်​​သော Seoul သို့ ပြန်​လာခဲ့သည်​...။

Forget Me Not Where stories live. Discover now