[ZawGyi]
လင်းသူအတွက်တော့ သောကြာနေ့က တစ်နေ့လုံး ရာသီဥတု ပူပြင်းနေတယ်။ မန္တလေးနေကလည်း ပူတယ်။ ဒါပေမယ့် ချစ်သူအောင်မျက်နှာကို မြင်ရတာက ပိုပူနေတယ်။ သူဘာလို့ ဒီလိုကြီး လုပ်မိလိုက်တာလဲ ? သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်နေမိတယ်။ သူက ယောကျာ်လေးချင်းစိတ်ဝင်စားသူလား လို့ မေးရင် မဟုတ်ဖူးလို့ ပြန်ဖြေမိမှာပဲ။ အရင်ကတော့ သီးသန့်နေတတ်တာက လွဲရင် သူဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့ဘူး (ထွေး နဲ့ မတွေ့ခင်အချိန်ထိပေါ့)။
သူက မိသားစုထဲမှာလည်း အငယ်ဆုံးပေမယ့် သိပ်ပီးအချစ်မခံရဘူး။ အလိုလိုက်လည်း မခံရဘူး။ အကိုတွေအမတွေကိုပဲ သူ့အိမ်က တော်တယ်ဆိုပြီး ချီးကျူးတတ်တယ်။ ဒါကြောင့်လည်း အလိုလို စိတ်အားငယ်လွယ်ပီး ကြောက်တတ်လာတယ်။ လူတိုင်းကို သံသယမျက်လုံးနဲ့ပဲ ကြည့်ခဲ့တယ်။ ဘယ်သူ့ကိုမှလဲ လွယ်လွယ်မခင်တွယ်ခဲ့သလို ဘယ်သူ့ကိုမှလည်း အချစ်တွေမပေးခဲ့ဘူး။ ဘယ်သူကမှလည်း သူ့ကို ထူးထူးခြားခြားအချစ်မျိုးနဲ့ ချစ်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ်.... ထွေး နဲ့တွေ့ပီးတဲ့နောက်ပိုင်းမှာ သူပြောင်းလဲလာခဲ့တယ်။ ထွေးက ထင်မထားလောက်အောင် သူ့အပေါ်မှာ နူးနူးညံ့ညံ့နဲ့ ဆက်ဆံတယ်။ အမြဲနွေးထွေးမှုရှိတယ်။ ထွေး ရဲ့ မိသားစုအကြောင်းကို သိရတော့လည်း သူကထွေးကို ကူညီပေးချင်လာတယ်။ ကာကွယ်ပေးချင်လာတယ်။ စဉ်းစားကြည့်ရင် သူထွေးကို အရမ်းသဘောကျတယ်။ ဝေးသွားတဲ့အခါမှာ သူ ထွေးကို ပိုလိုအပ်လာတယ်။ ဒါကြောင့်မို့လည်း ထွေးကို ချစ်နေတယ်လို့ သေချာလာသလိုပဲ။
ဒါပေမယ့်လည်း .....
မနေ့ညကတော့ သူ့ကိုယ်သူ စိတ်ဖောက်သွားတယ်လို့ထင်တယ်။ ထွေးအပေါ်မှာတောင် ဒီလိုလုပ်ရပ်မျိုးလုပ်ဖို့ စိတ်ကူးနဲ့တောင် မပြစ်မှားခဲ့ဖူးဘူး။ ဒါတွေအားလုံး ချစ်သူအောင်အမှားပဲ။ အမြဲပဲ သူ့နားကပ်ပီး သူ့စိတ်ကို လာဆွနေလို့ ဒီလိုဖြစ်တာနေမှာ.... အခုတော့ ဒုက္ခနဲ့လှလှတွေ့ပီ။ ချစ်သူအောင်ကို သွားပီး တောင်းပန်မယ်လို့ စဉ်းစားလိုက်တော့ ... ရှက်လို့သေမှာပဲလေ.... သူနဲ့မျက်နှာချင်းဆိုင်မယ့်အစား ကျားမြှီးပဲ ပြေးဆွဲချင်တော့တယ်။
STAI LEGGENDO
You Are The Other Half Of Me
Storie d'amoreကိုယ်ချစ်ရသော ... ကိုယ့်ရဲ့. .....အသည်းတခြမ်း "လင်း" ♡ ♡ ♡ ကိုယ်ချစ်ရသော... ကိုယ့်ရဲ့ ..... အသည်းတစ်ခြမ်း "လင်း" From {18 May 2018} To {19 July 2018}