Zawgyi
ခမ်းနားလှတဲ့ အဖြူရောင် သုံးထပ်တိုက်ကြီးရဲ့ ဆင်ဝင်အောက်ကို ကားအမဲရောင်လေး တစ်စီးဆိုက်ရောက်လာပြီး
အဖြူရောင်အနောက်တိုင်းဝတ်စုံကိုသပ်ရပ်စွာ ဝတ်ထားတဲ့ အမျိုးသား တစ်ဦး နဲ့ ပန်းရောင်ဒူးဖုံးဂါဝန်လေးကို ဝတ်ဆင်ထားတဲ့ ကျက်သရေရှိ
ပြီးလှပလွန်းတဲ့ အမျိုးသမီးလေး တစ်ဦး တို့ဆင်းလာကြတယ်ထိုအမျိုးသားက အမျိုးသမီးလေးရဲ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ရင်း
"အရမ်းစိတ်မပူပါနဲ့ သူတို့မင်းကိုသဘောကျမှာပါ"
တံခါးကို ဖွင့်ပြီး ဝင်လာကာ အမျိုးသမီးကို လက်တွဲလျက်ပင် ဆိုဖာဆီခေါ်ဆောင်ကာ ထိုင်စေပြီး အမျိုးသားက အိမ်အတွင်းကိုဝင်ကာ အိမ်သားတွေကို ခေါ်လိုက်တယ်
ထိုင်နေတဲ့ အမျိုးသမီးလေးကတော့ စိတ်လှုပ်ရှားမှုကြောင့် လက်သီးလေးနှစ်ဖက်ကို ခပ်တင်းတင်လေးဆုပ်ပြီး မျက်နှာကိုအောက်ငုံ့ကာ သူမခြေထောက်တွေကိုသာစိုက်ကြည့်နေတယ်
အိမ်သားတွေတစ်ယောက်ပြီးတစ်ယောက် ဧည့်ခန်းမှာဝင်ထိုင်ကြရင်း စုံတွဲနှစ်ယောက်ကို
အကဲခတ်နေကြတယ်Appa, Omma, Seulgi နဲ့ Yeri တို့က စကားမပြောပဲ တိတ်ဆိတ်နေတော့
Bogum က တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်ပြီး
"အဲ့တော့ အားလုံးပဲ ဒါက irene ပါ"
Irene က လှပစွာပြုံးလိုက်ပြီး မိသားစုတွေနဲ့ နှုတ်ဆက် လိုက်တယ်
အဲ့ အချိန်မှာပဲ ဧည့်ခန်းထဲကို တစ်စုံတစ်ယောက်ထပ်ဝင်လာတယ်
Bogum ကထိုင်ရာမှထကာ အဲ့တစ်ယောက်ကို သွားခေါ်လိုက်ပြီး
"Irene ဒါက ကိုယ့်ညီမလေ"
Bogum ကပြုံးရွှင်စွာပြောလာလို့ irene လှည့်ကြည့်လိုက်တော့ ဆံပင်ရွှေရောင်နဲ့ သိပ်ကိုလှပတဲ့ ကောင်မလေးကို တွေ့လိုက်ရတယ်
YOU ARE READING
It's Never As It Seems
RomanceWenrene love story This is the story from AFF. i'm just translator. Original author-rumdum09 #Shina #Mypreciouswenrene