Zawgyi
တရုတ်နယ်စပ်နားမှာတင် အရှင်ပြည့်ရှင် သီဟမင်းထင် တိုက်ပွဲတင်ဘဲ အရေးနိမ့်ကာ နတ်ရွာစံသွားပါတယ်
ဟူသည့် သဝဏ်လွှာ ကို ဖတ်ပြီး ပူဆွေးစွာ ဖြစ်ရတော့သည်
မဖြစ်ချေ ဒီနယ်မြေကိုကျူးကျော်မည့် တရုတ်တွေကို အပြီးတိုက်ထုတ်မှ ဖြစ်မည် အရှင်မင်ကြီးအတွက် ပူဆွေးနေရုံဖြင့်မပြီးသေး နောက်ပြီး အဲ့မြေမှာ မဏိသာကျန်နေတော့သည် ဟူသည့် အတွေးက ရင်ကိုပိုပူလောင်စေသည်
ထိုအချိန်များမဖြစ်ခင်ကာလဆီသို့...
ဟံသာဝတီအိမ်ရှေ့စံနန်းတက်တက်ချင်းဘဲ မဏိသောဝဏ ကို တော်ကောက်ခဲ့သည် တောင်နန်းစံ (မိဘုရားခေါင်ကြီး) အဖြစ်အပ်နှင်းပြီး မဏိ၏ သူငယ်ချင်း အမတ်မင်း သုံတ ၏ သမီးတော် နန်းဝံသာ ကို မြောက်နန်းစံ အပ်နှင်းခဲ့သည်
အိမ်နီးချင်းတိုင်းမှအပ်နှင်းခဲ့သော မင်းသမီးတွေက ကိုယ်လုပ်တော် အဆောင်တွင် ထားရှိထားသည်
မိဘုရားခေါင်ကြီး မဏိသောဝဏ သည် ဉာဏ်ပညာကြီးမားသည် ထက်မြတ်သည် ဓားရေး လှံရေး မြှားရေးတို့ကို တစ်ဖတ်ကမ်း တတ်မြောက်သည်
အရှင် သီဟမင်းထင်နှင့် မအပ်စပ် (လက်မထပ်ရသေးခင်) ကတည်းက အတူတူ စစ်သူကြီးဖြစ်သည့် ဖခင်ထံတွင် စစ်ရေးသင်ယူရသည် စစ်ဗျူဟာများ တိုက်ကွက်များကို လေ့လာဆည်းပူးကြသည် ဖခင်ဆရာကြီးဟာလည်း ပညာသားတစ်စိုးတစ်စိမျှမကျန်စေဘဲ သင်ကြားပေးသည်မြောက်နန်းစံ မိဘုရား နန်းဝံသာကတော့ ကဗျာ အက မိန်းကလေးတို့တတ်အပ်သည့်ပညာကို ကျွမ်းကျင်လှလွန်းသည်
အရှင်သီဟ နန်းတက် တက်ချင်းပင်လျှင် သူငယ်ချင်းတစ်ဖြစ်လည်း သူကြိတ်ချစ်ရသော မဏိ အား မိဘုရားခေါင် အရာ အပ်နှင်းပေးပြီး သူ၏ညီမကဲ့သို့ချစ်ရပါသော နန်းဝံသာ ကို မြောက်နန်းစံ အရာအပ်နှင်းခဲ့သည်
ရီစရာပင်ဖြစ်လိမ့်မည်
မင်္ဂလာဦးညတွင် သုံးယောက်သားဆုံကာ ကဗျာစပ် စစ်ကြောင်းပြောနဲ့ ပြီးဆုံးသွားခဲ့ကြသည်
မဏိချစ်သောသူသည်......
နန်းတော်ဦးယာဉ်တွင် ပန်းတွေကိုကြည့်ကာ ရေကန်ကြီးဘောင်ပေါ် တစ်ခြမ်းစောင်းထိုင်နေသည့် မဏိဆီသို့ ဟံသာဝတီ၏ပြည့်ရှင်သည် ခြေသံလုံလုံနှင့် အနားကပ်လာသည်...
YOU ARE READING
မိဘုရားကြီး၏ ကြင်ယာတော် (Own Creation Not Translated Fic)
Historical Fictionသင်တို့က ငါအရှင်မကို မိန်းမသားမလို့ အထင်မြင်သေးကြတာလား ငါအရှင်မ သူမကို တော်ကောက်တော်မူမယ် မသငြ့်မတ်ပါဘူးဘုရား စဉ်းစားချင့်ချိန်တော်မူပါဘုရား အသင်တို့ ငါအရှင်မကို အာဏာဖီဆန်နေကြတာလား အသင့်ကိုကျွန်ုပ်ပြန်ချစ်လိမ့်မယ်လို့ထင်နေတာလား မျှော်လင့်မနေနဲ့ ဘယ်...