×××
ဆူညံနေတတ်သော ဆင်ခြေဖုံးရပ်ကွက်လေးသည် သည်းထန်စွာရွာသွန်းနေသော မိုးမင်း၏လွှမ်းမိုးမှုကို ခံထားရသည် ။ မျက်နှာကျက်မရှိသော သွပ်မိုး ထရံကာ အိမ်လေးသည်ကား မိုးသံကိုလိုသည်ထက်ပိုကျယ်လောင်စွာကြားနေရသည် ။ အိမ်ပြင်၌ ရွာသွန်းနေသောမိုးများမှာ ရပ်တန့်သွားခြင်းမရှိသကဲ့သို့ အိမ်တွင်း၌ ငိုနေသော အမျိုးသမီးငယ်၏ ပါးပြင်ထက်မှ မျက်ရည်မိုးများကလည်း ရပ်တန့်မည့်ဟန်မပေါ်ပါချေ ။ အိမ်နောက် အခန်းကျဉ်းလေးထဲ၌ နှုတ်ခမ်းသားများကို ပေါက်ထွက်မတတ်ကိုက်ကာ ငိုယိုနေသော အမျိုးသမီးတစ်ဦးရှိသည် ။ ရင်ဘတ်ကိုလက်တစ်ဖက်နှစ်ထုကာ သူမခေါင်းပေါ်ရှိ ဆံနွယ်များကိုလည်း သပ်တင်ရင်းကျစ်ကျစ်ပါအောင်ဆုပ်ထားသေးသည် ။ တစ်ချက်တစ်ချက်၌ ငိုရှိုက်သံများပျံ့လွှင့်လာသည် ။ သို့သော် သူမ မမှုပါချေ။ မိုးမင်းသည် သူမ၏ ငိုသံများကို ဖုံးကွယ်ထားပေးသည်ပင် ။
ငိုယိုရင်းမောသွားဟန်တူသော သူမသည် ။ အခန်း ချောင်ထဲမှ ထလာကာ အိမ်နောက်ဖေး ကွပ်ပျစ်ဘက်သို့ ထွက်သွားသည် ။ ထို့နောက် ခွေးခြေခုံပုတစ်လုံးနှင့် နိုင်လွန်ကြိုးတစ်ခွေကို လက်ထဲကိုင်ကာ အိပ်ခန်းအတွင်းသို့ပြန်ဝင်သွားသည် ။ ဟိုကြည့်သည်ကြည့် ခေတ္တမျှပြုပြီးသည့်နောက်တွင် ထုပ်တန်းတစ်ခုကိုသူမမြင်လိုက်သည် ။ မီးရောက်မှိန်ပြပြကြောင့် နံရံတစ်ဖက်၌ အရိပ်ထင်နေသော သူမ၏သန်မာတုတ်ခိုင်သော ခန္ဓာကိုယ်ကို သူမရွံ့မုန်းစွာတစ်ချက်ကြည့်လိုက်သည် ။ ထို့နောက် ထုပ်တန်းပေါ်သို့ ကြိုးကိုလျှိုတင်လိုက်ပြီး ခပ်လျောလျော ကွင်းတစ်ခုဖြစ်အောင် ချည်နှောင်လိုက်သည် ။ ခွေးခြေပုပေါ်မတ်တပ်ရပ်ပြီး ကြိုးကွင်းကို လက်နှစ်ဖက်နှင့် ကိုင်လိုက်သည့်နောက် သူမ၏ စိတ်အစဉ်တို့က အတိတ်ဆီသို့ တရိပ်ရိပ်ခရီးနှင်ကြပါတော့သည် ။
×××
ဈေးဗန်းခေါင်းရွက်ကာ အိမ်ထဲသို့ဝင်လာသော မေမေ့ကို စည်သူအောင် ပင်ပန်းကြီးစွာ ကြည့်မိသည် ။ စာကျက်ရန်ဖွင့်ထားသော ပုံနှိပ်ကို ပိတ်ကာ မေမေ့အနားသွားထိုင်တော့ ခပ်နွမ်းနွမ်းအပြုံးတစ်ခုကို မေမေ့ထံမှလက်ဆောင်ပြန်ရလိုက်သည် ။ ဈေးဗန်းထဲရှိရောင်းမကုန်သော အကြော်အကျန်များသည် မေမေ့အပူမီးစများဖြစ်သည် ။ မည်သို့ပင်ဆိုစေကာမူ မိခင်သည် မိခင်ပင် ။ ပင်ပန်းနေချိန်၌ဖြစ်လင့်ကစား သားသမီးကိုအပူမကူးစေပါ။ မနက်စာနှင့် နေ့လည်စာကို အကြော်အကျန်များနှင့်သာ လှိမ့်ပိတ်ဖြတ်သန်းလိုက်မည်ဟု စည်သူအောင်တွေးရင်း မေမေ့ကိုပြန်ပြုံးပြလိုက်သည်။ မေမေသည် ဒီနှစ်ပိုင်းတွင်မှ ပို၍ ကျန်းမာရေး ချူချာလာသည် ။ ချောင်းတဟွပ်ဟွပ်ဆိုးနေသော်လည်း ဈေးရောင်းမပျက်သော မေမေသည် စည်သူအောင်ကို ရှစ်တန်းရောက်သည့်တိုင် ပညာသင်ကြားနိုင်အောင် ထောက်ပံ့ပေးနေဆဲဖြစ်သည် ။
YOU ARE READING
ကျွန်မသည် (completed)
Short StoryAbout a transgender woman who live in Strict Community ... What will happen when she can't get her right What will be the End that she choose ....., (Myanmar Sub)