မင်္ဂလာဆောင်

8.7K 1.1K 254
                                    

အထူးသဖြင့် ရှီးရဲ့ အပြုံးကို သိမ်းပိုက်နိုင်မယ့် အရောင်ကို ရွေးချယ်ဖို့ ပင်းရှီက ဆုံးဖြတ်ထားတယ်။ အဲ့အရောင်က ဘာအရောင် ဖြစ်မလဲ ဆိုတာကို ပင်းရှီဟာ တိတ်တဆိတ် ရှာဖွေဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်။ အမှန်ပြောရရင် ပင်းရှီအတွက် ရှီးကို ပြုံးနေစေမယ့် အရာမှန်သမျှက ကောင်းမွန်ပြီးသားလို့ ခံစားရတယ်။

‘ငါတို့ ဒီနေ့ကစပြီး လက်ထပ်ဖို့ကို ပြင်ဆင်ကြမယ်..’

ပင်းရှီရဲ့ မျက်နှာဟာ ကျေနပ်လွန်းလို့ ပြုံးနေတယ်။ ဒီစကားကို ပြောလိုက် ရတာလေး ကတောင် ကျေနပ်စရာ ကောင်းတယ်လို့ ပင်းရှီ ထင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ပင်းရှီ ဆိုတာ ခံစားချက်မဲ့နေပြီ ဖြစ်တဲ့ နတ်မင်း တစ်ပါး ဖြစ်တယ်။ သူ့ဆီကို ခံစားချက်တွေ ယူဆောင်လာတာ သိပ်ပြီး မကြာတဲ့ နှစ်တွေ တုန်းကလို့ ပြောရမယ်။ တိတိကျကျ ဆိုရရင်တော့.. ရှီးနဲ့ တွေ့ဆုံပြီး ကတည်းက ပင်းရှီက ပြန်ပြီး ဖြစ်တည်လာတာပဲ ဖြစ်တယ်။ ဒါတောင် အရာအားလုံးကို တိကျစွာ ခံစားဖူးသေးတာ မဟုတ်ဘူး။

ပင်းရှီ သိသလောက် ခံစားချက်တွေဟာ မစုံလင်သေးဘူး။ ကျေနပ်ဖွယ် ခံစားချက်တွေကို စိတ်ထဲမှာ အကြာကြီး ထားပြီး ခံစားတတ်ပေမယ့် မကျေမနပ် ဖြစ်ဖွယ်တွေကို စိတ်ထဲမှာ မထည့်ထားတတ်ပဲ ချက်ချင်း တုန့်ပြန်တတ်တဲ့ ပင်းရှီအတွက် မကျေနပ်တာကို ရေရှည်ခံစားနေတာ မဟုတ်လို့ မကျေနပ်ရခြင်းတွေကို သိပ်ပြီး နားမလည်ဘူး။

အခုလည်း ဒီအတိုင်းပဲ ပင်းရှီ တွေးနေသမျှက ရှီးကျေနပ်ဖို့ ဖြစ်ပေမယ့် ရှီးမကျေမနပ် ဖြစ်သွားမလား ဆိုတာကို သူ သိပ်ပြီး မတွေးမိဘူး။ ပထမဆုံးသော အကြောင်းက သူတို့ မင်္ဂလာဝတ်စုံအတွက် ရှီးကျေနပ်ဖို့ကိုပဲ သူ စဉ်းစားနေတာ။

‘ရှီး.. မင်း မင်္ဂလာ ဝတ်စုံကို ဘာအရောင် သတ်မှတ်မှာလဲ..’

ရှီးကို မေးလိုက်ပေမယ့် ရှီးက လမ်းလျှောက်ဖို့ကို ပိုပြီး အာရုံ စိုက်နေတာကြောင့် ပင်းရှီ မေးလိုက်တာကို သေချာ မကြားလိုက်ရဘူး။ အဲ့တာနဲ့ပဲ ပင်းရှီဟာ မေးခွန်းအမှား မေးမိတာလားလို့ တွေးပြီး ဆက်မမေးမိတော့ဘူး။

The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)Where stories live. Discover now