to forget

5.7K 417 7
                                    

အိပ်ခန်းဘေးက ချယ်ရီပင်လေးပေါ်တွင် ငှက်ကလေးများအော်သံ ကြားနေရသည်။

သူ့မျက်လုံးများပွင့်လာသည်နှင့် အလိုလို စဉ်းစားမိသည်က လွန်ခဲ့တဲ့ ၂ လ က အတိတ်ကိုသာ.....

Chan နဲ့ အတူရှိခဲ့တဲ့ နောက်ဆုံးည သူနိုးလာတာနဲ့ ဘေးတနေရာက လွတ်နေသော ကုတင်ကို သာ သူပြန်ရလိုက်သည်။ ၁ပတ်လုံးလုံး လိုက်ရှာ ခဲ့သော်လည်း အစအန ပျောက်အောင် နေတတ်သော Chan သည် သိပ်လည်သည်။

၂လ ကျော်နေပြီ ဆိုတော့ သူလဲ Japan မှာ ကောင်းကောင်းနေနေမှာပေါ့.....

"Hyung...နိုးပြီလား?"

"အင်း လာပါဦး Hyung ဆီ"

Luhan အခန်းထဲဝင်လာပြီး ကုတင်ပေါ်တက်ကာ သူ့အားပြေးဖက်သည်။

"သဘက်ခါ ကျွန်တော်တို့ ဘွဲ့ယူရတော့မှာ Hyung"

"အင်း...Aigoo...ငါ့ညီလေးတောင် လူကြီးဖြစ်နေပြီပဲ "

Luhan မျက်မှောင်ကျုံ့ကာ ပြန်ကြည့်သည်။

"Hyung ကလဲ Hyungရယ် Sehun Hyung ရယ် Chan... အဟင်း Hyung တို့ပဲ ကျွန်တော့ကို ကလေးထင်နေတာ ကျန်တဲ့သူ ဘယ်သူမှ မထင်ဖူး"

အနည်းငယ်ပျက်ရွင်းသွားသော သူ့မျက်နှာကြောင့် Luhan စကားပြင်ပြောလိုက်သည်။

သူ့ညီလေးက သူ့အတွက်တောင် ဒီလိုတွေးပေးနေပြီလား??

ဘယ်လောက် သနားစရာကောင်းတဲ့ ကလေးလဲ...

"Sehunnie ကို ဘယ်လို သဘောရလဲ?
Hyung က စပြီး မပြောသင့်မှန်း သိပေမယ့် အကယ်၍များ Hyung မရှိတော့ရင် ငါ့ ညီလေးကို သူနဲ့ပဲ စိတ်ချလို့ပါ"

သူ့စကားကို Luhan အလိုမကျပေမယ့် သူရဲ့ အတည်ပြောနေတဲ့ ပုံစံကြောင့် Luhan ဖြေရသည်။

"ဟုတ်...ကျွန်တော် သူ့ကို လက်ခံနိုင်ပါတယ်"

Hyung က အသာ ပြုံးပြီး သူ့ဆံပင်လေးအား ပွတ်သပ်ပေးသည်။

Kai Co., မှာ လုပ်နေတာ ၂လ ရှိပြီ ဖြစ်တာကြောင့် ငွေရေးကြေးရေး ရော ကျောင်းအတွက်ရော အလုပ်အတွက်ရော အကုန်အဆင်ပြေနေသည်။ ညီအကို ၂ယောက် တိုက်ခန်း တခန်းဝယ်ထားပြီး နေကြသည်။

သဘက်ခါ ဆို ၂ယောက်လုံး ကျောင်းပြီးလို့ ဘွဲ့ယူရတော့မည်။ မိဘ မရှိတော့တဲ့ သူတို့ ၂ယောက်အတွက် Sehun နဲ့ Kai သာ ကျောင်းကို လိုက်ခဲ့မည်ဟု ဆိုသည်။

Don't Go ( 가지마 ) {Completed}Where stories live. Discover now