Just friend
P-2
ကျောင်းသွားတော့...နေလနှင့်ပင် အတူသွားဖြစ်သည်။အတန်းကလည်း အတူတူပဲ မို့.သူ့အတွက် အဆင်ပြေသွားသည်။
မုန့်စားဆင်းချိန်ရောက်တော့....ဈေးတန်းထဲ...တိုးဝှေ့ကာ..နှစ်ယောက်သား...အဆာပြေ မုန့်တစ်ချို့ ၀ယ်စားကြသည်။ လက်ထဲပါလာသည့် မုန့်တစ်ချို့ကို ဈေးတန်းအနီး ထနောင်းပင်အောက်က ကျောက်ဝိုင်းမှာပင် ထိုင်စားကြသည်။
နေလက အပေါင်းသင်းပေါသည်။ တွေ့သမျှလူတိုင်းနှင့်နှုတ်ဆက်ကာ တွေ့သမျှ ကောင်မလေး တိုင်းကို လိုက်စသည်။. ..မျက်နှာရူးဟု ..ပြောလျှင်လည်း....မျက်နှာက စပ်ဖြဲဖြဲ။ယခုလည်း....မုန့်ကို အသာ ထိုင်မစား....ပါးစပ်ကနေ....ကောင်မလေး တစ်ချို့ကို လိုက်စ နေပြန်သည်။
" ငြိမ်ငြိမ်နေစမ်းပါကွာ...နေလ ရာ မရှက်ဘူးလား.. "
" အံမာ...ရှက်စရာလား...ကောင်မလေး ချောလို့..စ တယ် ဘာဖြစ်လဲ "
" အဲ့ကောင်မလေး...က မင်း ညီမ ဆိုရင်ရော.. "
"စ ပါစေပေါ့....ငါ့ညီမ က ပြန်ပြီး စပ်စလူးမထရင် ပြီးရော.. "
ကောင်းရော....နေလဆိုတာ...ဒီလိုကောင်မျိုးရယ်ပါ။ ခင်တာ သိပ်မကြာပေမယ့်....သူ့အကြောင်းတွေ အတော်အတန် သိနေပြီလေ။
နေ့လယ်ခင်း အတန်းစပြီး..သိပ်မကြာခင်မှာပဲ...နေလတစ်ယောက် လှုပ်လှုပ်ရွရွဖြစ်နေသည်။
" ဟေ့ကောင်..ငရဲ...အိမ်သာ သွားရအောင်...လိုက်ခဲ့ "
" အေး..အေး "
တကယ်တမ်း..အိမ်သာ နားရောက်မှ သူ သိလိုက်ရသည်။ နေလတို့...ချိန်းပွဲရှိသည်မဟုတ်လား...။
" ငါ .မလိုက်တော့ဘူး...ဒီနားကပဲစောင့်နေမယ်...သွား... "
"ဟာ....အင်း...အင်း...ပြီးရော "
"ဟေ့ရောင်...မထိခိုက်မိစေနဲ့....နိုင်အောင်ချခဲ့ .. "
." နေလပါ..ကွ "
ပြေးထွက်သွားသည့်...အဲ့ကောင်ကိုကြည့်ရင်း...စိုးရိမ်နေမိသည်။ လူကောင်သေးသေးလေးနဲ့ ..ဖြစ်ပါ့မလား.....
KAMU SEDANG MEMBACA
Just friend (Complete ) U&Z
Fiksi Remajaကိုယ့်ရဲ့ခံစားချက်တွေ ကို ခံစားရတဲ့အတိုင်း ထုတ်ဖော်ပြသင့်တယ် နောင်တဆိုတာ နောင်မှ ရတတ်တာ အချိန်လွန်မှ ခံစားချက်တွေ ဖွင့်ဟပြနေလည်း ဘာထူးလာမှာမို့လို့်လဲ... ကိုယ့်ကိုယ်ကို ရိုးသားလိုက်စမ်းပါကွာ Uni ကိုယ့် ရဲ့ခံစားချက်တွေ ကိ...