ကျွီ.........
'ဟိတ်...မင်းကားလာနေတာ မမြင်ဘူးလား..
ဘာလို့ ဖြတ်ကူးရတာလဲ"တစ်ချက်သာလှည့်ကြည့်ပြီး ပြေးသွားတဲ့ ကောင်လေးက အထက်တန်းသာသာအရွယ်လေး
ကျောပိုးအိတ်လေး လွယ်ထားပြီး နောက်ပြန်လှည့်မကြည့်ပဲတချိုးတည်းပြေးသွားခဲ့သည်။ကောင်လေးရဲ့ မျက်ဝန်းတွေက ဆုံးရှုံးမှုတစ်ခုကို ဖော်ပြနေသလို
ပါးထက်က မျက်ရည်စက်တွေဟာလည်း သုတ်သူကင်းမဲ့နေခဲ့သည်။မဆိုင်ပါပဲ စိတ်ပူမိသွားတော့ ခေါင်းကိုခါရမ်းလိုက်သည်။ ငါနဲ့မှမဆိုင်တာပဲ။
***********
"ဆရာ Mr.Park ဒီနေ့မနက်ကပဲ ဆေးရုံပေါ်မှာဆုံးသွားပါပြီ"အတွင်းရေးမှူးပြောလာသည့်စကားကို သိပ်တော့လည်း မအံ့သြမိပါ။ တစ်ချိန်မှာ ဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့ပြီးသားမို့ပင်။
" သူ့ဆီက ရစရာရှိတာတွေ လျှော်လိုက်တော့.. သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်ကျန်ခဲ့တယ်မလား"
'ဟုတ်ကဲ့'
"အခု သူတို့ဘယ်လိုနေကြလဲ"
"သမီးအကြီးက စိတ်သိပ်မမှန်ဘူးဆရာ
သားအငယ်ကတော့ တကယ်တော်တဲ့ကောင်လေးတစ်ယောက်ပါ"Mr.Park ၏ နောက်ဆုံးဆန္ဒအရ သူတို့ကို စောင့်ရှောက်ပေးရမှာ Yoongi၏တာဝန်မို့ မေးနေရခြင်းပင်ဖြစ်သည်။
"၂ယောက်လုံးကို အိမ်စီစဉ်ပေးလိုက်.. အခုငါသူတို့ဆီ လိုက်သွားလိုက်မယ်"
Yoongiရောက်သွားတော့ ဈာပနာရဲ့ အခန်းထောင့်မှာ ကောင်မလေးတစ်ယောက်က အမည်းရောင်ဝတ်စုံကိုဝတ်ကာ ကြုံ့ကြုံ့လေးထိုင်နေလေသည်
"မင်းက Mr.Parkရဲ့ သမီးလား"
ခေါင်းညိတ်ပြပြီး ဒူးနှစ်ဖက်ကို လက်နဲ့ တင်းစွာပိုက်ကာ မျက်ရည်များကျနေသော သူမဟာ
အပြင်အဆင်မပါသော်လည်း နုနယ်တဲ့ မျက်နှာလေးက အရုပ်လေးတစ်ရုပ်အလားပင်။
ငိုထားလို့နီရဲနေတဲ့ မျက်နှာလေး က သနားဖို့ကောင်းလွန်းလှသည်။
YOU ARE READING
အမုန်းတစ်ခု၏အနားသတ်(Completed)
RomanceYoonmin fic My Third fic for yoonmin ' မုန်းတယ်ဟုတ်လား.. မင်းကြိုက်သလောက်မုန်း ကိုယ်ကလည်း မင်းမုန်းသလောက် မင်းကို ချစ်မှာမို့ အဲ့ဒါ မင်းနဲ့ထိုက်တန် တဲ့ ကိုယ်ပေးတဲ့ အပြစ်ဒဏ်ပဲ ' Min Yoongi 'မုန်းတယ် ကျနော့ဘဝ တစ်ခုလုံး ဇေ...