ဒါတွေကို ပင်း ဘယ်လို တတ်မြောက်ခဲ့တာလဲ ဆိုတာကို ရှီးဟာ တစ်ညလုံး အတွေးဝင်နေမိတယ်။ ဒီနတ်မင်းက အချင်ယောင် ဆောင်နေတာလို့ ကိုယ့်ကိုယ်ကို သတိပေးထားရင်းကနေ ဒီလိုတွေ အထိ တတ်မြောက်နေတာကို မသိလိုက်ရတာ ရှီး ရင်နာလို့ မဆုံးဘူး။
@@@@@@@@@@
ရှီးနဲ့ ပင်းရှီရဲ့ မင်္ဂလာဆောင် ပြီးတာ ဆယ်ရက်တောင် ကျော်လာပြီ။ ဟုန်လျန်က ပင်းရှီကို အကူညီ တောင်းထားပေမယ့် အတင်းအကျပ် မလုပ်ဘူး။ ဒါက ဟုန်လျန်ရဲ့ မူပိုင် အမူအကျင့်ပဲ ဘယ်သောအခါမှ ဘယ်လို သက်ရှိကိုမှ ဟုန်လျန်က အတင်းအကျပ် လုပ်လေ့ မရှိဘူး။
ပင်းဟာ ရှီးထက်ကို စောစော ထလေ့ ရှိပြီး သလွန်ပေါ်မှာ အိပ်ပျော်နေဆဲ ရှီးကို ငေးကြည့် နေတတ်တယ်။ မသိရင် ရှီးက ချက်ချင်းပဲ ပင်းရှီရဲ့ ရှေ့ကနေ ပျောက်ကွယ် သွားတော့မလို ခံစားချက်နဲ့ ပင်းဟာ နူးညံ့စွာ ပြုံးထားရင်း ငေးကြည့်နေတယ်။ အဲ့တာပြီးရင်တော့ ရှီး မနိုးလာခင် ချက်ပြုတ်ခြင်းကို လုပ်ဆောင်တယ်။
ရှီး အခါတိုင်းမှာ ပင်းရှီ မနက်စာကို ချက်ပြုတ်ပြီးမှ ထလာလေ့ ရှိပေမယ့် ဒီနေ့မှာတော့ တစ်မူထူးခြားစွာ ဆူညံနေတယ်။ မိန်းကလေး အသံတွေရော ငြင်းခုန်မှုတွေဟာ ရှီးရဲ့ နားစည်ကို လာပြီး ရိုက်ခတ်တယ်။ အဲ့တာနဲ့ပဲ သလွန်ပေါ်ကနေ ထလိုက်ရတယ်။ အိမ်တော်ဝန်း အတွင်းထိ ငြင်းခုန်နေသူတွေကို လိုက်ရှာပေမယ့် အိမ်တော်မှာ ဘယ်သူမှလည်း မရှိဘူး။
နောက်ဆုံးမှာတော့ ရှီးက ရေခဲစားပွဲဘေးမှာ ဝင်ထိုင်လိုက်ပြီး ပင်းရှီ ချလာပေးမယ့် စားစရာတွေကိုသာ စောင့်ဆိုင်း နေလိုက်တော့တယ်။ မလိုလားဘူးလို့ ပြောနေရင်းနဲ့ပဲ ရှီးဟာ အကျင့်ပျက်နေပြီ။ ပင်းရှီ ချက်ကျွေးတာတွေပဲ စားနေရတာ ကြာလာတော့.. တခြားသော စားစရာတွေဟာ အရသာမဲ့သလိုပဲ ခံစားရတယ်။ အဲ့တာကြောင့် ပင်းရှီ ကျွေးတာပဲ စားဖြစ်တယ်။
အရင်တစ်နေ့က ချီးရှီ နတ်မင်း အိမ်တော်ကို အလည်ခေါ်သွားတော့တောင် ပင်းရှီ လိုပဲ ရှီးက ဘာမှမစားတော့ ချီးရှီဟာ နေကောင်းစ ပြုလာတဲ့ မြွေပါလေးကို ပိုက်ပြီး ပြောတယ်။
![](https://img.wattpad.com/cover/147508012-288-k593592.jpg)
YOU ARE READING
တစ်ခါတုန်းက ကောင်ကင်နန်းတော်မှာ...The Legend of Heaven
Romanceရေးသားသူ - စွဲညို့ သဘာဝတရားမိခင်ရဲ့ ပထမဆုံးသော သားတော်၊ ရေခဲနတ်မင်း ပင်းရှီ၊ သာမန်လူသားငယ်လေးကို နှစ်သက် သဘောကျသွားပြီးတဲ့နောက်မှာ လူသားသဘာဝတွေ ကင်းဝေးနေတဲ့ နတ်မင်းတစ်ပါးနဲ့၊ အနိမ့်စားအဆင့်သာ ရှိတဲ့ နတ်စွမ်းအားမဲ့ လူသားငယ်လေးတို့က ဘယ်လိုတွေ ချစ်ကြိ...