☆Part 7☆

3.2K 323 26
                                    

Chanyeollie ကို ဆေးစစ်ဖို့ ခေါ်သွားသည့် လမ်းတစ်လျှောက် ငေးမောကြည့်ရင်း မှိုင်တွေစွာ နဲ့ Baekhyun ထိုင်နေလေသည်..

လိုက်သွားချင်ပေမယ့် သူ့မိခင်က ခွင့်မပြုတာကြောင့် နေခဲ့ရတယ်..

Chanyeollie အဆင်မှ ပြေပါ့မလား ? ....

ဂဏာမငြိမ်စွာ လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်
လက်မထိပ်လေးကို သွားလေးနဲ့ တတိတိကိုက်လိုက်နှင့် စိတ်လှုပ်ရှား စွာ စောင့်နေမိသည်..

နာရီအနည်းငယ်ကြာပြီးနောက်မှာ လူနာတွန်းလှည်းပေါ် လဲလျောင်း လိုက်ပါလာသည့် Chanyeollie ကို မြင်လိုက်ရသည် နှင့် ထိုင်နေရာမှ ထကာလိုက်သည်....

အနားတိုးသွားချင်ပေမယ့် ခြေလှမ်းတွေမရွေ့ပဲ နေရာကနေ လှမ်းကာသာကြည့်ရသည်~~~

အခန်းထဲဝင်သွားသည်အထိ မျက်တောင်မခတ်တမ်းကြည့်ကာ Chanyeollie အဆင်ပြေရဲ့လား သိချင်မိသည်...

ဆေးရုံဝန်ထမ်း၂ယောက် ထွက်သွားသည်နှင့် အခန်းထဲမှာ Chanyeollie Omma သာ ကျန်ခဲ့တော့တယ်~~
အခန်းဝလေးနားက နေရင်း အထဲကို မျှော်ကြည့်နေသည့်အချိန် Chanyeollie Omma က သူ့ဘက်ကို လှည့်ကြည့်လာသည် ...

" ဝင်လာခဲ့လေ ~ "

အသံကုန်အော်ဟစ်ပြီး ဆူပူ မောင်းထုတ်မည်လို့ ထင်ထားခဲ့တဲ့ သူမဆီက လေသံအေးအေးလေးနဲ့
ဝင်လာခိုင်းတာကြောင့် မင်သက် မိသည်..
သို့ပေမယ့် Chanyeollie ကို တွေ့ချင် တာကြောင့် အမြန်ပင် ဝင်လာခဲ့လိုက်သည်~~~

ကုတင်ပေါ်မှာ လဲလျောင်းနေသည့် Chanyeollie ပုံစံက ငြိမ်းချမ်းနေပုံ ~~~
နှုတ်ခမ်းပါးလေးတွေက ကော့တက်ပြီး ပြုံးနေသယောင် ထင်ရတယ် ~~~

လွမ်းလိုက်တာ Chanyeollie ~~

" ဒဏ်ရာတွေအကုန်ပျောက်လု နီးပါး ဖြစ်နေပြီမလို့ မနက်ဖြန် ဆေးရုံဆင်းချင် ဆင်းလို့ ရပြီလို့ ဆရာဝန်က ပြောတယ် "

" Nae ~~ "

ကျေးဇူးတင်ပါတယ် ဘုရားသခင် ~
Chanyeollie ကို ကျွန်တော့ဆီ ပြန်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် ~~

ဝမ်းသာမှုကြောင့် ဝေ့တက်လာသည့် မျက်ရည်စတို့ကို ခပ်ဖွဖွ သုတ်ဖယ် ရင်း Chanyeollie Omma ကို မျက်နှာချင်းဆိုင်ကာ ~

Curious Fate 💥 ( Season 2 )Donde viven las historias. Descúbrelo ahora