Under the Mistletoe - 6

1.5K 175 33
                                    

Chenရဲ့အကူအညီ​တောင်းစရာဟူသည်​ သူ့မိဘနှစ်​ပါးမှာ UKတွင်​လုပ်​ငန်းတိုးချဲ့ ရန်​ UKသို့​ပြောင်း​နေရမည်​ဖြစ်​​သော​ကြောင့်​ သူ့အိမ်​တွင်​အတူလာ​နေရန်​ဖြစ်​သည်​။ ကျွန်​​တော်​တို့က​တော့ အဆင်​​ပြေတာ​ပေါ့ အခန်းငှါးခမကုန်​​တော့ဘူး​လေ။ တစ်​ခုပါပဲ စီနီယာတို့နှင့်​အတန်​ငယ်​​ဝေး​သော​နေရာဖြစ်​​နေတာ​လေးပဲ။ ငှါးထား​သောအခန်းကိုပြန်​အပ်​ကာ chenအိမ်​သို့​ပြောင်းလာခဲ့ကြသည်​။ chen အာ့​လောက်​ချမ်းသာမှန်း မသိခဲ့။ chenရဲ့အိမ်​က ၃ထပ်​ရှိသည်​။ ​အောက်​ထပ်​တွင်​​တော့ ဧည့်​ခန်းကျယ်​၊ မီးဖိုခန်း ထမင်းစားခန်းနှင့် ​အိပ်​ခန်းတစ်​ခန်းသာရှိသည်​။ အိပ်​ခန်းက​တော့ chenမိဘ​တွေ​နေခဲ့​သောအခန်းမို့လို့ ဘယ်​သူမှမ​နေဘဲ ဒုတိယထပ်​တွင်​သာသုံး​ယောက်​လုံး​နေဖြစ်​လိုက်​သည်​။ kyungsooနှင့်​ baekhyunက ​ဘေးချင်းကပ်​အခန်းဖြစ်​၍ chenမှာ သူတို့၏မျက်​နှာချင်းဆိုင်​အခန်းတွင်​​နေ၏။ ခပ်​ကျယ်​ကျယ်​ဝရံတာတစ်​ခုလဲရှိသည်​။ စာကြည့်​ခန်းတစ်​ခန်းလဲရှိသည်​။ ဧည့်​ခန်းနှင့်​ TV ​ရေခဲ​သေတ္တာပါရှိ၏။ အ​ပေါ်ဆုံးထပ်​ကို​တော့ အကြိုက်​ဆုံးပင်​ အ​ပေါ်ထပ်​တစ်​ထပ်​လုံးကို ပတ်​ပတ်​လည်​မှန်​ကပ်​ထား​သော practice roomလုပ်​ထားသည်​​လေ။ ကျွန်​​တော်​တို့ အက​လေ့ကျင့်​လို့ရတာ​ပေါ့။ သီချင်းပဲ​အော်​ဆိုမလား ​တော်​​တော်​မိုက်​သည်​။

*ကဲ မနက်​ဖန်​အက​​လေ့ကျင့်​ရမယ်​ ခန္တာကိုယ်​ကို ​စော​စောအနား​ပေး​တော့soo*
baekhyunက သတိ​ပေးကာအခန်းထဲဝင်​သွားသည်​။ ကျွန်​​တော်​အကအဖွဲ့သို့​ပြောင်းလိုက်​သည်​​လေ။ baekhyunနဲ့chenရဲ့တိုက်​တွန်းမှု​ကြောင့်​လဲပါသလို ကျွန်​​တော်​လဲ​ကြောက်​မိလို့ပါ။ ကျွန်​​တော်​​ကြောက်​တာ စီနီယာကိုမဟုတ်​ စီနီယာမုန်းမှာကိုပင်​။ သူကျွန်​​တော့ကိုအမြင်​မကြည်​တာ ကျွန်​​တော်​သိသည်​။ ထို့​ကြောင့်​သူ့အနားဆက်​​နေလျှင်​ သူကျွန်​​တော့ကိုပိုမုန်းလာနိုင်​သဖြင့်​ သူနှင့်​ခပ်​လှမ်းလှမ်းတွင်​သာ​နေဖို့ဆုံးဖြတ်​လိုက်​သည်​။ ကျွန်​​တော်​​နေနိုင်​ပါ​စေ~~~

Under the mistletoe (Complete)Donde viven las historias. Descúbrelo ahora