Zawgyi
"အရှင်မင်းကြီး ကျွန်တော်မျိုးမ မဏိသောဝဏ လာရောက် ခစားပါတယ် ဘုရား "
မဏိဟူသည်နှင့် တန်းခနဲထပြေးလာသော အရှင်
ကိုယ်တိုင် အခန်းထဲကနေထွက်လာပြီး ကြင်သူသက်ထားဇနီးမယား ကို လက်ဆွဲပြီး ခေါ်ဝင်သည်
"ဘယ်လိုကိစ္စကြောင့်ရောက်လာတာလဲ မဏိ"
"အရှင်ပြောဖူးတယ်မလား ကျွန်တော်မျိုးမ ဘယ်အရာဘဲ တောင်းဆို တောင်းဆို ချီးမြှင့်မည် ဆိုတာ ""ဒါပေါ့ မိဘုရားကြီး ရဲ့ ကယ် ပြော ဘယ်အရာလိုအပ်သနည်း"
"မြောက်နန်းစံ နဲ့ အိမ်ရှေ့စံ အရေးကို သဘောတူပေးပါ အရှင်"
ထိုင်နေသောခုံပေါ်ကနေဆင်းပြီး ဒူးထောက်ကာ လက်ဖဝါးတွေကလည်း အရှင့်ရဲ့ခြေတော်ရင်းတွင်ခစားနေသည်
"မယ်မင်း အခြားအရာဘဲတောင်းဆိုပါ "
"မင်းကြီး"
"မယ်မင်းက ကျုပ်အလိုလိုက်နေလို့ရောင့်တက်ချင်နေတာလား"
"စိုးရွံမိပါတယ်အရှင်"
ပြေးထွက်သွားပြီး မတ်တော်ဘေးမှာဒူးထောက်ကာ တစ်ပုံစံတည်း ဆန္ဒပြနေသည်
သီဟမင်းထင်သည် မဏိနှင့် ညီတော် နှစ်ပါးလုံးကို စိတ်ပူနေပေမဲ့လည်း အလိုမလိုက်ပေးချင်ပါ
မနက်ခင်းကတည်းကနေ သူနဲ့အတူ နေပူခံ အစာငတ်ခံပြီးဆန္ဒပြသော မရီးကို လေးလည်းလေးစားသလို အားလည်းနာလှပါသည်
ညခင်းလည်းမအိပ်စက်ဘဲဒူးထောက်လျှက်နှစ်ယောက်သားပြုမူနေကြသည် အထိန်းတော်တွေက ခြုံလွှာပေးကြသော်လည်း နှစ်ဦးလုံးမယူဘဲ ထိုမြဲထိုတိုင်းသာနေနေသည်
သီဟမင်းထင် မနက်ခင်းညီလာခံအတွက် ပြင်ဆင်ပြီးနန်းဆောင်ကထွက်ထွက်ချင်း မဏိတို့ကိုမြင်ရသည်မှာစိတ်မချမ်းသာ သူတစ်ပါးအတွက်အပင်ပန်းခံပြီး သူ့ကိုဆန့်ကျင်နေသည်က ပို၍စိတ်မကောင်းဖြစ်စေသည်
မမြင်ယောင်ဆောင်ပြီး ညီလာခံဆောင်သို့သာချီတက်ခဲ့သည်။
တိုင်းရေးပြည်ရာတွေ ဆွေးနွေးရင်း အမတ်ကြီးထံမှ
"အရှင်မင်းကြီး ဘုရား ကျွန်တော်မျိုး အရဲစွံ၍ပြောချင်ပါသည် နိုင်ငံမိဘုရား ပြည်သူ့မိခင်က ဤသို့ ဒုက္ခခံနေရသည်ကို ပြည်သူတွေက ဝမ်းနေကြပါတယ် ပြီးတော့ အရှင်မင်ကြီးရဲ့ မိထွေးတော် ကလည်း နာမကျန်းဖြစ်နေပါတယ်ဘုရား ပူဆွေးမှုတွေများနေပါတယ်ဘုရား ကျေးဇူးပြုပြီး အရှင် ပြန်လည်စဉ်းစားပေးပါဦးဘုရား"

YOU ARE READING
မိဘုရားကြီး၏ ကြင်ယာတော် (Own Creation Not Translated Fic)
Historical Fictionသင်တို့က ငါအရှင်မကို မိန်းမသားမလို့ အထင်မြင်သေးကြတာလား ငါအရှင်မ သူမကို တော်ကောက်တော်မူမယ် မသငြ့်မတ်ပါဘူးဘုရား စဉ်းစားချင့်ချိန်တော်မူပါဘုရား အသင်တို့ ငါအရှင်မကို အာဏာဖီဆန်နေကြတာလား အသင့်ကိုကျွန်ုပ်ပြန်ချစ်လိမ့်မယ်လို့ထင်နေတာလား မျှော်လင့်မနေနဲ့ ဘယ်...