"ok cut!"
"အားလုံးတာဝန်ကျေပါတယ် "
ဒါရိုက်တာကြီး၏ စကားသံအဆုံး စီနီယာများနှင့် ရိုက်ကွင်းအဖွဲ့သားအားလုံးကို နှုတ်ဆက်နေသည်။
"ကဲ ပင်ပန်းသွားပြီ ငါတို့ရဲ့ Chanyeol လေး"
"အာ စီနီယာတို့လည်း ကောင်းကောင်းအနားယူပါ"
လက်ခံထားတဲ့ drama တစ်ကားကြောင့် စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် လာရောက်ရိုက်ကူးနေရခြင်းဖြစ်သည်။
ဟိုတယ်ကိုရောက်တာနဲ့ ပင်ပန်းသမျှ အတိုးချပြီး အနားယူလိုက်တော့သည်။ဘယ်လောက်ပဲ ပင်ပန်းနေနေ အဝေးရောက်နေချိန်မှာတော့ လုပ်နေကျ အကျင့်တစ်ခုရှိသည်။
ဘေးနားမှာရှိနေတဲ့ဖုန်းကိုဖွင့်လိုက်ပြီး screen မှာပေါ်လာတဲ့ ပုံရိပ်လေးတစ်ခု။ချစ်တယ် အိပ်မက်ထဲမှာတွေ့ကြမယ်နော် ကိုယ့်ရဲ့ babe
bobohu လေး။♡♡♡♡♡♡♡♡
"လွမ်းတယ်!!!! လွမ်းတယ်!!!!ဒီက bobohu လေးလွမ်းတယ်ဆို"
ဆိုဖာပေါ်တွင်ထိုင်ကာ အောက်တွင်ကျနေသော
ခြေနှစ်ဖက်ကို ကြမ်းပြင်နဲ့ တဒုန်းဒုန်းမြည်အောင်လုပ်ကာ အော်ဟစ်နေကာ သူ့ကိုယ်ကို bobohu ဆိုပြီး ပြောနေတဲ့တစ်ယောက်။" Byun Baekhyun ရေ hyung တို့လည်း တစ်မနက်လုံးလည်း နားတွေကိုညည်းနေပြီလေကွာ။"
"Suho hyung ကလည်း ဟွန် ဟွန် လုပ်ပါနော်။"
"ဟာ သူ့ရဲ့ မထော်မနန်းအကွက်တွေနဲ့ လာချွဲနေပြန်ပြီ။အဲ့ဘဲနှုတ်ခမ်းကို Chanyeol က လွဲပြီး ဘယ်သူမှ ရင်မခုန်ဘူးသိလား Byun Baek"
ဘေးနားမှာ ထိုင်နေသော Chen ရဲ့ vocal ဆာဆာ က ပျံ့လွှင့်လာသည်။
"ခုနလေးတင် ဖုန်းဆက်ပြီးတာမလား။"
"Chan အသံလေးကြားရတော့ ပိုပြီးတော့တောင်လွမ်းလာတာပါဆို hyung ကလည်း အီးးးး"
"ဟာ မနက်စောစောစီးစီး နားတွေကိုအူနေတာပဲ။တော်ပြီ အခန်းထဲမှာပဲ game သွားဆော့နေတော့မယ်။"
ပွစိပွစိပြောကာ အခန်းထဲဝင်သွားသော sehun ၏နောက်ကျောကိုကြည့်ကာ မျက်စောင်းထိုးပေးလိုက်သည်။
