Beautiful In White

3.6K 344 19
                                    

Unicode

ပြေးလွှားအလုပ်ရှုပ်နေတဲ့ သူတွေကြား
ထဲ ကျွန်တော့်နှလုံးသားလေးကတော့
ယောက်ယတ်အခတ်ဆုံး ဖြစ်နေလိမ့်မယ်လို့ထင်
တယ်။ကျွန်တော် ဘယ်လိုခံစားချက်မျိုး
ခံစားနေလဲ ဆိုတာပြောမပြတတ်ဘူး။
အခုအချိန် ကျွန်တော့်နှလုံးသားထဲမှာ ခံစားချက်
တွေမျိုးစုံ ပြည့်နှက်နေသည်။

မိတ်ကပ်တွေ၊ဆံပင်တွေသေချာ ပြင်ဆင်ပေးပြီး
သွားတော့ အကျီၤလဲဖို့အတွက် အကုန်လုံး
အပြင်ထွက်သွားပေးကြသည်။အခုတော့
အခန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်တည်း။

ကျွန်တော်ရယ်...ပြီးတော့ ကျွန်တော့် သတို့သား
လောင်း..ကျွန်တော့်ရဲ့ဘဝတစ်ခုလုံးရယ်။
သူ့အကျီၤShirtအဖြူရဲ့ ကြယ်သီးတွေကို
တွယ်ပေးတော့ ကျွန်တော့်ရဲ့ လက်တွေတုန်နေသည်။

နှုတ်ခမ်းကိုဆူရင်း ပါးကိုဖောင်းကာ ဟူးခနဲလေတွေမှုတ်ထုတ်တော့ ချစ်ရသူကရယ်
သည်။ချစ်စနိုးလေး။သူလည်း ရင်တွေခုန်နေတာပါ။shirtအဖြူလေးကိုကျော်ပြီး
မြည်ဟီးနေတဲ့ တဒုတ်ဒုတ်အသံက ကျွန်တော့်
လက်ဖဝါးနားမှာ။

အားလုံးအဆင်သင့်ဖြစ်သွားတော့ သူ့ကို မော့
ကြည့်လိုက်မိသည်။သူ့မျက်ဝန်းထဲမှာ မျက်ရည်စ
တွေလားး။သူ သိပ်ကိုပျော်နေပုံပါ။မျက်ဝန်းဝိုင်း
တွေနဲ့ ပြုံးနေပုံက ကမ္ဘာပေါ်မှာ သူသာလျှင်
ကံအကောင်းဆုံးလူသားဆိုတဲ့ မာန်တွေနဲ့။
ကျွန်တော်ကရော...။

"Chan~ "

သူ့ကို လှမ်းခေါ်လိုက်တာ မဟုတ်ပါ။သူ့နာမည်ကို
ဖွဖွလေး ရွတ်ကြည့်တာ။ကျွန်တော်တော့ ပျော်
လိုက်တာ ရူးသွားတော့ မလိုပါပဲ။

ကျွန်တော့်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အတန်ကြာငေးနေမိသည်။
ပြီးတော့ တိုင်ပင်မထားပါဘဲ တစ်ယောက်ကို
တစ်ယောက် တင်းနေအောင်ပွေ့ဖက်လိုက်မိသည်။
ဒီလူသားကို ကျွန်တော်ပိုင်ဆိုင်ရတော့မှာပါလား
ဆိုတဲ့ စိတ်နဲ့ ကြည်နူးလွန်းစွာ သူ့ခါးတွေကိုဘ
ကျစ်နေအောင် ဖက်ထားလိုက်မိသည်။
ကျွန်တော့်ခေါင်းပေါ်မေးတင်ထားတဲ့ သူ့ရဲ့
ထွက်သက်ဝင်သက်တွေကြောင့် ကျွန်တော့် ဆံစ
လေးတွေနွေးနေသည်။ပြီးတော့ ကျွန်တော့်
နှလုံးသားရော...။ကျွန်တော့် ကျန်ရှိတဲ့ တစ်ဘဝ
လုံး သူ့ကိုသာ ဒီလိုမျိုးပွေ့ဖက်ထားရမယ်ဆိုရင်
တောင် ကျွန်တော်ငြီးငွေ့မှာ မဟုတ်ဘူး။ကျိန်း
သေတယ်။

Beautiful In WhiteWhere stories live. Discover now