Zawgyi
"မဏိ ဆေးသောက်လိုက်ဦး"
"ဘာဆေးလဲ အရှင်"
"အကိုက်အခဲပျောက်ဆေးလေ"
မျက်နှာနှစ်ဖက်ကပန်းနုရောင်လေးသန်းနေသည်
မနက်ခင်းလေအေးအေးလေးကိုနှစ်ယောက်အတူတူ ခံစားရင်း တစ်ဦးနဲ့တစ်ဦးကြင်နာစွာဖက်ထားကြသည်
မနက်စာ။ စားပြီး မယ်သူလှကိုခေါ်ကာ
"မယ်မင်း ထမင်းစားပြီးပြီလား"
"မစားရသေးပါဘူး ဘာများခိုင်းစရာရှိလို့ပါလဲ သခင်မ "
"မစားရသေးရင်အခုသွားစာ နေ့လည်စာအတွက် မုန့်ခြောက်တွေ နှစ်ယောက်စာထုပ်ပိုးခဲ့ ရေဘူးတွေကောတသ်ပါးတည်းယူဆောင်လာ"
"ဟုတ်ကဲ့ သခင်မ"
"နေဦး လိုအပ်တဲ့လက်နက်တွေကောယူခဲ့"
"ကောင်းပါပြီ သခင်မ"
စားသောက်ဆောင်ကိုအမြန်ပြေးပြီး အမြန်စားသောက်ကာ လိုအပ်တာတွေယူပြီး သခင်မဆီပြန်ပြေးလာရသည်
"သွားကြမယ် မြင်းနှစ်ကောင်ကိုပါခေါ်ဆောင်လာခဲ့"
မြင်းဇောင်းထဲသွားပြီး မြင်းညိုကြီးနှစ်ကောင်ကိုခေါ်လာသည်
"တက် တောအုပ်ထဲသွားမယ်"
ဓားရှည်ကို ခါးမှာစည်းပြီး မြှားတွေပါ တစ်ခါတည်းသ်ာလာပြီး မြင်းကို စတင် ဒုန်းဆိုင်းထွက်သွားသောသခင်မနောက်ကို မယ်သူလှတစ်ယောက်အမြန်လိုက်ရသည်
မြင်းတွေပေါ်ကဆင်းလာပြီး တောထဲဝင်လာခဲ့သည်
ချော်ကြမယ် သတိထား မယ်သူလှ
ဟုတ်ကဲ့သခင်မ
*သခင်မကအရမ်းကြင်နာတတ်တယ်*
ကျွတ်
သစ်ကိုင်းချိုးသံကိုကြားလိုက်ရသည်
ဝတ်စုံအနက်ဖြင့် ခြုံလွှာနက်ပါခြုံထားသော ကောင်မလေးတစ်ယောက်သည်
ခြေချော်ကာ လှဲကျနေသည်
*ခြေသံတွေကြားနေရတယ် ငါဘယ်လိုလုပ်ရမလဲ *
*လက်နက်ဆိုလို့်ငွေဓားမြှောင်ဘဲပါလတာ ငါတော့ တောက်*
ကလေးကစိတ်တွေကြီးနေပြီ သူ့မမကိုတွေ့မှ ဟွင်းဟွင်း

YOU ARE READING
မိဘုရားကြီး၏ ကြင်ယာတော် (Own Creation Not Translated Fic)
Historical Fictionသင်တို့က ငါအရှင်မကို မိန်းမသားမလို့ အထင်မြင်သေးကြတာလား ငါအရှင်မ သူမကို တော်ကောက်တော်မူမယ် မသငြ့်မတ်ပါဘူးဘုရား စဉ်းစားချင့်ချိန်တော်မူပါဘုရား အသင်တို့ ငါအရှင်မကို အာဏာဖီဆန်နေကြတာလား အသင့်ကိုကျွန်ုပ်ပြန်ချစ်လိမ့်မယ်လို့ထင်နေတာလား မျှော်လင့်မနေနဲ့ ဘယ်...