Intro

1.8K 52 10
                                    

ခြံဝန်းကိုဝန်းရံထားသည့် ခြံစည်ရိုးနဲ့တင် ခမ်းနားမှု၊ကြီးကျယ်မြင့်မြတ်မှုတစ်ချို့ကိုမြင်တွေ့နိုင်သည်။ထိုမှတစ်ဆင့် ဝင်လာလျှင် အတော်ကျယ်ဝန်းလှသော ဥယျာဉ်ခြံကြီးက
အမြင်အာရုံထဲ တိုးဝှေ့ကာ ဝင်လာလိမ့်မည်။အမြင်တွင်မက အနံ့နဲ့ပါဆွဲဆောင်နိုင်သော ပန်းမျိုးနွယ်တို့ကိုပါ စိုက်ပျိုးထားသေးသည်။ထိုနှစ်သက်ဖွယ်ကောင်းသည့် ဥယျာဉ်ခြံကြီးရဲ့အလယ်တွင် အိမ်တော်ကြီးတစ်ခု
တည်ရှိလေသည်။ထိုအိမ်တော်ကား ဘုရင့်အနွယ်နှင့်မျိုးရိုးမြင့်တို့၏အိမ်တော်ဖြစ်သည်။ထို့အပြင် လက်ရှိ ထိုင်းနိုင်ငံ၏လက်ချိုးရေလို့ရသော Top10တွင်ပါသည့် လုပ်ငန်းစုပိုင်ရှင်၏ အိမ်လည်းဖြစ်သည်။ရှေးယခင်ကတော့ နန်းတော်ထဲတွင်အလုပ်လုပ်ကြသည့် ဝန်ကြီးများဖြစ်သော်လည်း ခေတ်အဆက်ဆက်ပြောင်းလာရာ  ယခုတွင်တော့ ကုမ္ပဏီလုပ်ငန်းစုတွေဖက်သို့ အခြေချကာ လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

"သွား သွား သခင်လေးကို မြန်မြန်ရှာ မဟုတ်ရင် ငါတို့သေလိမ့်မယ်"

ပြောလည်းပြော ရှာလည်းရှာနေကြသော အမျိုးသမီးတစ်စု၊
တူညီဝတ်စုံတွေကိုဝတ်ထားကြသေးသည်။ထိုသူတို့ရှာနေကြသည်က တခြားမဟုတ်....
Thanaponအိမ်တော်ကြီးရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်သော
Beamဟုသိကြသည့် သခင်လေး Tee Thanaponပင်။
ထိုသူကား အသက်အားဖြင့်၂၀သာရှိသေးသည်။တစ်ဦးတည်းသောမျိုးဆက်ဖြစ်သည့်အတွက် တစ်မိသားစုလုံးက အလိုလိုက်ခဲ့ရာ ဂျစ်တီးဂျစ်ကန်ဖြစ်သည့်အပြင် ပြသာနာသာရှာတတ်သော သခင်လေးဖြစ်နေသည်။
ပညာအရည်အချင်းဖက်ကြည့်မည်ဆိုပါက တော်လှပါချည်ရဲ့ဆိုသော ဆရာ၊ဆရာမတွေနဲ့ သင်ပါသော်လည်း
မအောင်သေးတဲ့ အထက်တန်း။

"Beamကို မတွေ့ဖူးလား?"

Beanရဲ့အမေဖြစ်သူ သခင်မကြီး၏ အသံတွင် ဒေါသသံတို့က ရောထွေးနေသောကြောင့်Beamကိုရှာဖွေနေသူတို့အဖို့
ခေါင်းကြီးနေရပြန်တယ်။မနက်ခင်းကတည်းက ပျောက်ချက်သားကောင်းနေသော သားတော်မောင်အား ရှာဖွေနေမိသည်။သူ၏အဖေဖြစ်သူက ကျောင်းစာနှင့်ပတ်သက်၍
မနက်ကပင် ဆူပူထားသောကြောင့် ထိုသို့ပျောက်သွားခြင်း
ဖြစ်သည်။

"သွားကြည့်စမ်း ဆိုင်ကယ်က သူ့နေရာမှာရှိရဲ့လားဆိုတာ"

ကျောင်းစာသာမလုပ်ပေမဲ့ အားကစားတွင်အတော်ထူးချွန်သည်။ထို့အပြင် ဆိုင်ကယ်ကိုလည်း အရူးအမူးစွဲလမ်းသူ
တစ်ဦးဖြစ်သည်။သို့သော် ခြေကျိုးလိုက် ပတ်တီးစည်းလိုက်
ဆိုင်ကယ်ပြန်စီးလိုက်နှင့် ပတ်ချာရိုက်နေသည်။

"မရှိပါဘူး သခင်မကြီး"

"Beam!!!"

ငယ်သံပါအောင် အော်နေသော်လည်း သူ့အော်သံကြောင့်
အိမ်တော်အမိုးတွင်နားနေသည့် ငှက်တစ်ကောင် နှစ်ကောင်ပျံသွားရုံမှအပ ဆိုင်ကယ်ဂီယာကို အရှိန်မြှင့်ကာ မောင်းနှင်နေသည့်Beamမကြားနိုင်ပေ။
______________________________

"ကျွန်တော်သိပြီ အဲ့ရှယ်ယာကိုအခုဝယ်ထားပေးပါ"

ရှယ်ယာအတက်အကျအား TVတွင်ကြည့်ကာ ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသူတစ်ယောက်။ရှယ်ယာကစားသူမဟုတ်ပေမဲ့ သူ့အတွက်အမြတ်ကျန်မည့်
ကုမ္ပဏီများတွင်သာ ၁၀၀% ရှယ်ယာဝယ်ယူသူဖြစ်သည်။
အသက်အားဖြင့် ၂၉နှစ်ရှိပြီဖြစ်သည်။တည်ငြိမ်သောပုံစံနှင့်
အရာရာကိုစေ့စပ်သေချာသည်။တစ်ခုခုလုပ်မည်ဆိုလျှင်လည်း
ထူးချွန်အောင်လုပ်တတ်သည်။မိဘများကလည်းချမ်းသာတဲ့ လုပ်ငန်းရှင်တွေဆိုပေမဲ့ သူ့အိမ်သူ ဝယ်ကာ အသက်၂၄နှစ်လောက်ကတည်းက သီးခြားနေနိုင်သူတစ်ဦးပင်။
ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကျော်တဲ့လူငယ်တစ်ဦးပေါ့...
သူ့နာမည်ကိုForthအနေနဲ့သိကြပြီး 
Tae Darvid ဆိုတဲ့အမည်ရင်းကိုထပ်သိပါက
ထိုင်းနိုင်ငံ၏ချမ်းသာတဲ့မျိုးနွယ်စုအဖြစ် သိသွားကြလိမ့်မည်။သို့သော် သူ့လုပ်ငန်းလုပ်တဲ့အချိန်ဆိုရင်တော့ Forthဟုသာ
သုံးသည်။

"ကျွန်တော် ဝယ်ပြီးပါပြီ ဆရာ"

"တော်တယ်........ဒါနဲ့ Wing ကုမ္ပဏီရဲ့ရှယ်ယာတွေ ပြန်ရောင်းထားပါ....သူက နောက်အပတ်ဆို ကျတော့မှာ"

"ဟုတ်ကဲ့ပါ"

__________________________

Reiပြောချင်တာက ၂ယောက်လုံးချမ်းသာတယ်ပေါ့ဗျာ...
အဲ့တာကို ရှင်းပြနေတာကိုက ရှည်လိုက်တာ Rei ရယ်....
အရှေ့ကficတွေလည်း မပြီးသေးဘဲနဲ့
နောက်တစ်ပုဒ်တင်ရလား Rei ...
ဒါနဲ့အရှေ့ကficတွေသိချင်ရင်wallထဲလာနော်..ဘာပဲဖြစ်ဖြစ် ဖတ်ပေးကြတဲ့readerတွေ တစ်ဦးချင်းစီကို အရမ်းချစ်ပါတယ်ဗျာ...
♡♡♡♡♡

My SenseiTahanan ng mga kuwento. Tumuklas ngayon