Chapter ( 23 ) 25*

44.9K 3.1K 125
                                    

ဆရာဝန်တစ်ယောက်၏ တစ်နေ့တာ တာဝန်များ၊ ဝတ္တရားများ လက်စသတ်ပြီး အဆောင်သို့ ပြန်လာရသော ညအချိန်သည် ထွန်းကိုကိုအတွက် အဓိပ္ပါယ်ရှိစွာ တက်ကြွရသော အချိန်ဖြစ်သည်။ သူ တွယ်တာမြတ်နိုးစွာ ချစ်ရပါသော ကောင်လေးက အဆောင်မှာ သူ့ကို စောင့်ကြိုနေသည်မဟုတ်လား။

စိုင်းသည် အိပ်ရာပေါ်မှာ ဘေးတစ်စောင်း ကျောပေးလျက် ငြိမ်သက်စွာ လဲလျောင်းနေ၏။
ခါတိုင်း စိုင်းလေး ဒီအချိန်အိပ်လေ့အိပ်ထမရှိပါဘူး။ ထွန်းကိုကိုက သူ့လက်ကိုင်အိတ်ကို စာအုပ်စင်ပေါ် တင်ထားခဲ့လိုက်ပြီး စိုင်းဘေးမှာ အသာအယာ ဝင်လှဲလျောင်း၍ အနောက်ကနေ ညင်ညင်သာသာ ဖက်လိုက်ပြီး စိုင်း၏ လက်မောင်းပေါ်မေးတင်လိုက်၏။ စိုင်း၏ ခန္ဓာကိုယ်သည် အိပ်မောကျနေသူတစ်ယောက်လို ပျော့ပျောင်းခြင်းမျိုးမရှိဘဲ ခပ်တောင့်တောင့်ဖြစ်နေသည်ကို သတိထားမိသောအခါ တကယ်အိပ်နေတာမဟုတ်မှန်း သိလိုက်ရသည်။

ထွန်းကိုကိုသည် လက်ဖျံထောက်လျက်
ခန္ဓာကိုယ်ကို အနည်းငယ် ကြွတက်လိုက်ပြီး
စိုင်း၏ မျက်နှာကို ကောင်းကောင်းမြင်ရအောင် အပေါ်စီးကနေ အုပ်မိုးကြည့်သည်။ စိုင်း အိပ်ပျော်မနေပါ။
ဒါဆိုရင် ဘာဖြစ်လို့ သူ အခန်းထဲဝင်လာတာကို
နည်းနည်းလေးတောင်မှ လှည့်မကြည့်ရတာလဲ။
တစ်ခါက မဟာမြတ်မုနိဘုရားမှာ စိုင်းနဲ့သူ စကားများခဲ့ကြဖူးသည်။ စိုင်းက လူရှေ့သူရှေ့မှာ သူတို့နှစ်ယောက်အတွဲဆိုတာ သိသာသွားမည့်လုပ်ရပ်မျိုးကို မလုပ်စေချင်ဘူးတဲ့။ ဒါကြောင့် မနက်ခင်းအတန်းချိန်ဝင်တုန်းက လက်ကိုင်လိုက်သည့် သူ့လုပ်ရပ်ကို စိတ်ဆိုးနေတာဖြစ်မယ်။ ဟုတ်တယ်။ ထွန်းကိုကိုသည် ထိုကိစ္စအတွက် အစွမ်းကုန် ချော့မော့ဖို့ အဆင်သင့်ပြင်လိုက်ပြီး လေသံအေးအေးဖြင့် စပြောပါသည်။

“ ညစာစားပြီးပြီလား စိုင်းလေး။ ကိုယ်နဲ့တူတူ သွားစားရအောင် ”

“ ကျွန်တော် မစားချင်ဘူး ဆရာ ”

အသံက တိမ်ဝင်အက်ကွဲနေသဖြင့်
သူ စိုးရိမ်သွားပါသည်။

“ ဘာဖြစ်လို့လဲ။ မှန်းစမ်း နေမကောင်းဘူးလား ”

ပြောရင်းဆိုရင်း သူ ဖျတ်ခနဲ နဖူးကို လက်ဖမိုးဖြင့် အသာစမ်းကြည့်လိုက်၏။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now