2.1 Cai Xukun POV (first step to hell)

501 45 0
                                    

UnReturnable...2.1
°°°°°°°°°°°°°°°°°°•••••°°°°°°°°°°°°°°°°°°

ဟိုးရှေးရှေးတုန်းကနဲ့အစပြုတဲ့ ဇာတ်လမ်းတစ်ခု... ရှန်ဟိုင်း တက္ကသိုလ် အနုပညာမေဂျာမှာ လူတိုင်းအားကျရတဲ့ နာမည်ကြီးစုံတွဲတစ်တွဲရှိခဲ့ဖူးတယ်...
မင်းသားနဲ့ မင်းသမီးမဟုတ်တဲ့...
ကောင်လေးတစ်ယောက်နဲ့ သူချစ်တဲ့သူ့ကောင်လေးဆိုတဲ့ဇာတ်လမ်းတစ်ခုပေါ့...

ဘယ်သူမှမသိတာက သူတို့ ဘယ်လိုစချစ်ကျွမ်းဝင်ခဲ့တယ်ဆိုတာဖြစ်ပြီး... အားလုံးသိတာက အဲ့ဒီကောင်လေးနှစ်ယောက်ဟာ တစ်ယောက်မျက်စိရှေ့ကနေ တစ်ယောက်အပျောက်မခံနိုင်လောက်အောင် အရမ်းချစ်ကြတယ်ဆိုတာပါပဲ...
သူတို့စုံတွဲ နာမည်ကြီးတာမှာ ငွေကြောင့် ဂုဏ်ကြောင့် အောင်မြင်မှုကြောင့်ဆိုတဲ့ ပကာသနခေါင်းစဉ်တွေတစ်ခုမှမပါ... နက်ရှိုင်းတဲ့သူတို့ကြားက ချစ်ခြင်းတွေကြောင့်သာဖြစ်တယ်...
လူတွေဟာရင်ဘတ်ခြင်းနီးရင်စကားလုံးတွေမလိုဘူးဆိုသလိုမျိုး တစ်ယောက်အရိပ်အကဲကို ဖွင့်ပြောစရာမလိုပဲ သိတဲ့လူတိုင်းအားကျရတဲ့စုံတွဲမျိုးပေါ့...

ဘယ်လိုလဲ သူတို့ကြားက ပုံပြင်လေးတစ်ပုဒ်ကို အခုကျွန်တော်စပြီးပြောပြမယ်... ခင်ဗျားတို့ နားထောင်ကြမလား...

ဟိုးရှေးရှေးတုန်းက...

°°°°°°°°°°°°°°°°°°•••••°°°°°°°°°°°°°°°°°°

ဒီပုံပြင်လေးထဲမှာရှိတဲ့ ဇာတ်လိုက် ၂ယောက်ထဲက တစ်ယောက်ကတော့ ကျွန်တော် Cai Xukun ဖြစ်လေတယ်...

သူဆိုတဲ့ Ziyi ကိုကျွန်တော် စတွေ့ခဲ့တာကကျွန်တော့်အသက် ၁၅နှစ်...

အဲ့ဒီနေ့က ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၂ သောကြာနေ့...

ဆောင်းရာသီရဲ့ သာယာတဲ့နေ့ရက်တစ်ရက်ပါပဲ...အထက်တန်းနောက်ဆုံးနှစ်ကျောင်းသား ကျွန်တော်ဟာ CD Player ထဲက ဒုန်းဒိုင်းပေါက်ကွဲနေတဲ့သီချင်းတွေကို နားကြပ်နဲ့ နားဆင်ရင်း ကားနောက်ခန်းကနေ အော်ချင်သလိုအော်သံတွေနဲ့ သီချင်းတွေလိုက်ဆိုနေတဲ့ ကျွန်တော်ဟာ Cai အိမ်တော်ရဲ့ ဆိုးသွမ်းပျက်စီးနေတဲ့သူဌေးသားတစ်ဦးပေါ့...

UnReturnable... (Angst)Where stories live. Discover now