Zawgyi
Do Kyung Sooနဲ့ Park Chan Yeolတို့နှစ်ယောက် Mrs.Do ရှိရာ Gangwonမွေးရပ်မြေ သို့ပြန်လာခဲ့သည်Kyung sooတို့နှစ်ယောက်လုံး Kyung Sooတို့အိမ်ကိုပဲ တန်းပြန်လာခဲ့ကြသည်
အိမ်ရောက်သော်......
Mrs.Doက Chan Yeolကို မြင်လျင်မြင်ချင်းမှာဘဲ သူစိမ်းဆန်လွန်းစွာ မုန်းတီးစွာကြည့်၍
"လူသတ်သမားသား....နင်ဘာလာလုပ်တာလဲ?
အခု Kyung SooAppaမရှိတော့ဘူးသိရဲ့လား
အဲ့တာ နင့်အဖေကြောင့် ..အဲ့တာကြောင့်
ထွက်သွား နင်တို့အိမ်နဲ့မပတ်သတ်ချင်တော့ဘူး
နောက်ခါ ငါ့သားနဲ့လည်း လာမပတ်သတ်ပါနဲ့
နောက်ခါ နင့်ကို ငါ့သားဘေးမှာတွေ့ရင်
ငါ့လက်နဲ့အသေသတ်မယ်သိရဲ့လား....
..ထွက်သွား.....ထွက်သွားလို့ပြောနေတယ်လေ!"ပြောရင် ဆိုရင်းဖြင့်ပင် Chan Yeolကိုအိမ်ခြံဝင်းပေါက်ထိ တွန်းပစ်ကာ အပြင်ရောက်ရောက်ခြင်း အိမ်တံခါးကို အထဲကသော့ခတ်ပစ်လိုက်သည်
အဲ့ချိန်ထိ Chan Yeolကြောင်အနေဆဲပင်
အမြဲလိုလို သူ့အပေါ်မှာ နွေးနွေးထွေးထွေးနဲ့
သားအရင်းလိုဘဲ ဆက်ဆံခဲ့တဲ့ Mrs.Do ဘယ်လိုပြောင်းလဲသွားတာလဲ?
လူသတ်သမားသား.? ဟား ဘာလဲ
Mr.Doသေပြီလား ဟမ် လုံးဝမဖြစ်နိုင်ဘူး
တကယ်လို့....တကယ်လို့ သေသွားတာဆို
ဘယ်လိုလုပ်မလဲ?
မဖြစ်ဘူး ငါ့Sooလေးဝမ်းနည်းနေလိမ့်မယ်
မဖြစ်ဘူး!!"ဒုန်း ဒုန်း ဒုန်း အမေ..
ဒုန်း..ဒုန်း...ဒုန်း အမေ.....
အမေ တခုခုအထင်လွဲနေတာဖြစ်ပါလိမ့်မယ်
ကျွန်တော့ အနူးညွတ်တောင်းပန်ပါတယ်
ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ...
တောင်းပန်ပါတယ် ..
ကျ...ကျွန်တော် Sooလေးနဲ့မခွဲနိုင်လို့ပါ
တောင်းပန်ပါတယ်....
ဒုန်း..ဒုန်း...ဒုန်း...အမေ"********************
အပြင်ဘက်တွင်လည်း Chan Yeolတခါးကို
တဒုန်းဒုန်းထုနေသည်
ကျွန်တော်သိတာပေါ့ ကျွန်တော့ချစ်သူ
Park Chan Yeolဆိုသူကြီးက ကျွန်တော့်ကို
အရမ်းစိုးရိမ်နေပြီဆိုတာ.....
YOU ARE READING
Infinity[Completed](Z+U)
FanfictionChansoo. Ficလေးပါ Rommanceလေးပေါ့???? Edit ver: ChanDiဆိုလို့ :3