ချစ်သည်...သို့သော်

625 68 18
                                    

Episode-1

ပြတင်းပေါက်နံရံတွင်မိုးရေစက်တို့တလိမ့်လိမ့်စီးကျနေသည်။မိုးသားတို့ကြောင့်
လားတော့မသိ။ညအမှောင်ထပ်ပို၍ပင်မှောင်မိုက်နေသည်။တချက်တချက်လက်
သွားသောလျှပ်စီးကြောင့်ကောင်းကင်မှာအဓိပ္ပါယ်မဲ့စွာလင်းလက်နေရရှာသည်။
''ချိန်း!!!!!!!!!''
သူ့လက်ထဲမှBall Penလေးလွတ်ကျသွားသည်။ထို့အတူစားပွဲအောက်သို့လိမ့်ကျ
သွားသည်။စာကြည့်မီးရောင်လေးသာရှိတာမို့Ball Penလေးကိုရှာမရ။
ထို့ကြောင့်နံရံမှမီးခလုတ်ကိုဖွင့်ရန် ထလိုက်သည်။
''ဒေါက်!ဒေါက်!ဒေါက်!''
''Nae...ဝင်ခဲ့ပါ''
တံခါးမှာဖြည်းညှင်းစွာပွင့်သွားပြီး နွားနို့ခွက်လေးကိုင်ကာဝင်လာသောသူ့မိခင်
မှာအခန်းထဲသို့ဝင်လာခဲ့သည်။
''Kyung Soo ရေ...အရမ်းနောက်ကျတဲ့အထိစာဖတ်တာမျိုးမလုပ်နဲ့နော်
ဒါကိုလည်း မအေးခင်သောက်လိုက်''
နွားနို့ခွက်ကိုစားပွဲပေါ်သို့တင်ရင်းပြောလိုက်သောသူ့အမေစကားကိုခေါင်းညိမ့်ပြ
လိုက်သည်။ထို့အတူ သူ့စားပွဲပေါ်မှနာရီလေးအားလှမ်းကြည့်လိုက်မိသည်။
9:37....ဟုသာပြနေတော့သည်။

သူ့အမေပြန်ထွက်သွားသည့်တိုင်နွားနို့ခွက်ကိုမကိုင်ရသေး။အငွေ့များသည်ပင်
ကုန်ဆုံးကာနီးနေပြီ။

နွားနို့ခွက်လေးကိုကောက်ကိုင်လိုက်ပြီးစားပွဲမှထလိုက်သည်။
ပြတင်းပေါက်ဘေးမှနံရံကိုမှီရင်း စာမေးပွဲအကြောင်းတွေးနေမိသည်။
ကျောင်းတက်တာ၁လပင်မပြည့်သေးသော်လည်းစာတော်သောသူ့အတွက်
နေ့ရက်တိုင်းကစာမေးပွဲဖြစ်နေသည်။

ထိုစဉ်....သူ့ပြတင်းပေါက်နေရာရှေ့မှထင်းရှူးပင်အောက်သို့ဆိုင်ကယ်တစ်စီး
ရောက်လာ၏။ဆိုင်ကယ်ကိုဒေါက်ထောက်ပြီးဆိုင်ကယ်ပေါ်သို့မှီလိုက်သည်။
ထို့နောက် သူ၏ပြတင်းပေါက်သို့လက်ပိုက်၍ကြည့်နေသည်။
သူ့ကိုမြင်၍ရပ်နေသည်လားတော့မသိ။ ဘယ်သူဘယ်ဝါမှန်းလည်းမသိချေ။
ဆိုင်ကယ်ဦးထုပ်ကြောင့်ရော မိုးရွာနေခြင်းကြောင့်ပါ မျက်နှာလည်းမမြင်ရ။
ရှည်လျားသောအရပ်ကြောင့် ယောက်ျားလေးတစ်ယောက်မှန်းသိသာပါ၏။

စူးစူးစိုက်စိုက်ကိုကြည့်နေသည်။တစုံတယောက်ကိုစောင့်နေသည့်အတိုင်း။
15 minutesကျော်သွားပြီဖြစ်သည်။
အိမ်မှား၍ပဲလား??ဒါမှမဟုတ် Ommaရဲ့မိတ်ဆွေလား??
သူ့မိတ်ဆွေမဟုတ်တာတော့သေချာ၏။
သူဆင်းကြည့်ရင်ကောင်းမည်လား??လူဆိုးသာဆိုသူ့ကိုအန္တရာယ်ပြုမည်ပေါ့!!
သို့ပေသည့် မိုးရေထဲတွင်အကြောင်းမဲ့မတ်တပ်ရပ်ခိုင်းထားသည်မှာ
ပတ်ဝန်းကျင်မြင်၍ပင်မသင့်တော်။
သူ ထိုလူ့ဆီသွားရန်ဆုံးဖြတ်လိုက်သည်။

ချစ်သည်...သို့သော်Where stories live. Discover now