CANDY

1.1K 159 18
                                    

"Wang Zi Yi မင်းသတ္တိမရှိဘူးလား"

ပုခုံးနှစ်​ဖက်​ကို အတင်း ဆွဲခါ​နေ​သော YanJun စကားအဆုံး ​လေပူ​တွေ ဟူးခနဲ မှုတ်​ထုတ်​ပစ်​လိုက်​သည်​။

"Cai XuKun က မင်းသား​နော်​...မင်း​နောက်​​ကောက်​ကျန်​ခဲ့မယ်​...ZiYi ငါ​ပြောတာ ကြားလား"

ကျစ်​ထားတဲ့ ဆံပင်​​ချောင်း​တွေကို တစ်​ချက်​ခါထုတ်​လိုက်​ရင်း Xiao Guiကလည်း ပုခုံးပုတ်​လျက်​ဆိုလာ၏။ဒီကြားထဲ Kun ​လေးရှိရာ ​မေးဆတ်​ပြ​နေ​သော Justin က တစ်​မျိုး။နောက်​က​နေ အတင်း
တွန်းလွှ​တ်​​နေတဲ့ Bu Fan က တစ်​ဖုံ။

သူငယ်​ချင်း​တွေကြားမှာ ZiYi ရူးချင်​လာရသည်​။

ခပ်​ကျိတ်​ကျိတ်​ တိုက်​ပွဲဖြစ်​​နေကြတဲ့ သူတို့အုပ်​စုကို
တစ်​ချက်​ တစ်​ချက်​ Kun ​လေးက ပါ လှမ်း​ကြည့်​​နေပြီ။

အ​ဆောင်​​ရှေ့ပန်းခြံ ခုံတန်း​လေးမှာ နားကြပ်​​လေး
တပ်​ စာအုပ်​ဖတ်​​နေတဲ့ ချစ်​ရသူ​လေးက ရှပ်​ အပြာ​ရောင်​​​လေးနဲ့ သိပ်​ကို မျက်​စိ​အေးသည်​။

ချစ်​ရသူ...အင်း...ZiYi ရဲ့ တိတ်​တခိုး ချစ်​ရသူ​လေး
KunKun။

"သွားကွာ"

အားကြီးနဲ့ တွန်းလွှတ်​ခံလိုက်​ရသဖြင့်​ Crush ​လေး​ရှေ့​မှောက်​ရက်​မလှဲရုံတမယ်​။

မော့ကြည့်​လာတဲ့ မျက်​၀န်းလဲ့လဲ့​တွေ။

ရည်းစား​တွေဖြစ်​ရင်​​ ​ကော်​ဖီ​ရောင်​ ဆံနွယ်​​ခွေ​ခွေက​လေး​တွေကို အသာဖွဖွ နမ်းရှိုက်​မည်​ဟု ZiYi ​စိတ်​ကူးထားသည်​။

လက်​ရှိမှာ​တော့ အသည်းယားစရာ မျက်​နှာ​လေးကို
မျက်​​တောင်​မခတ်​​ငေး​နေမိခြင်း။

"Kun"

စာအုပ်​ကိုပိတ်​ပြီး ​ခုံတန်း​လေးက​နေ ထသွားမည်​ပြု​တော့မှ ZiYi သတိဝင်​လာသည်​။

"အင်း"

ZiYiရင်​ခုန်​စွာဖြင့်​ Kun ​လေး​ရှေ့ကို တစ်​လှမ်းတိုးလိုက်​သည်​။

"ဟို...Kun...ကိုယ်​​လေ"

"ဘာလဲ"

ပွင့်​ဟလာတဲ့ နှုတ်​ခမ်းဖူးဖူး​လေးကို ကြည့်​ပြီး
အာ​ခေါင်​​တွေ​ခြောက်​လာသဖြင့်​ ခပ်​ရဲရဲ ချိုချဉ်​လုံး​လေးထံမှ အလျင်​အမြန်​ အကြည့်​လွှဲလိုက်​ရ၏။

You've reached the end of published parts.

⏰ Last updated: Jun 21, 2018 ⏰

Add this story to your Library to get notified about new parts!

CANDYWhere stories live. Discover now