01

1.6K 162 17
                                    





တိတ်​ဆိတ်​​နေသည့်​ အခန်းငယ်​အတွင်း
တစ်​​နေရာမှ အလင်း​ရောင်​ဖြဖြက ​မှေးမှိန်​စွာ ဖြန့်​ကျက်​ထားသည်​။
တစ်​ ​ဒေါက်​​ဒေါက်​အသံ​တွေဆက်​တိုက်​ထွက်​​ပေါ်​နေပြီး တစ်​ချက်​တစ်​​ချက်​ လူတစ်​​ယောက်​ရဲ့ ​အေးစက်​စက်
ရယ်​သံထွက်​​ပေါ်လာသည်​။

မျက်စိ​​ရှေ့​မှောက်​မှ ​သွေးရဲရဲမြင်​ကွင်း​ကြောင့်​ သူ့မျက်​လုံး​တွေက
အ​ရောင်​​တောက်​လာသလို
လက်​​တွေကိုပိုလျင်​မြန်​​အောင်
လှုပ်​ရှားလိုက်​သည်​။

သူ့ လက်​တစ်​ချက်​လှုပ်​ရှားမှုတိုင်းမှာ ​သွေး​တွေ ​သွေး​တွေ လွှမ်းမိုးသွားကုန်​တာက သူ့မျက်​နှာ ကို လာစင်​​တော့မတတ်​ဖြစ်​​နေသည်​က
ဆာ​လောင်​မှုကို နှိုးဆွ​ပေးသည်​။

ရုတ်​တရပ်​ မျက်​စိ​ရှေ့မှ အရာကြီး အ​မှောင်​ကျသွားသည်​။ 
သူ ဇွန်​ဘီ​တွေကို ကြိုးစားပမ်းစား မနားဘဲ ​သွေးတရဲရဲသတ်​ဖြတ်​​နေတာ ည၇နာရီ​လောက်​တည်းက။
၂နာရီ​ကျော်​ ဇွန်​ဘီ​တွေသတ်​ပြီး
နောက်​ဆုံး Final Boss
အ​ကောင်​ကြီး​နဲ့တွေ့မှ 
မီးပျက်​သွားပြီး ကွန်​ပျူတာ
စခရင်​လည်း မည်းကျသွား​တော့
လက်သီးလက်​​မောင်းတန်းပြီး 
ခုံဆွဲ​မှောက်​ပစ်​ချင်​သွားသည်​။

တစ်​ဆက်​တည်း ဗိုက်​က ဂွီခနဲ အချက်​ပြလာသည်​။ ဂိမ်း​ဆော့​နေတုန်းက သတိမထားမိ​ပေမယ့်​ အခု​တော့
ဗိုက်​ဆာလာတာများ
လက်​​ချောင်း​က​လေး​တွေ​တောင်
တုန်​ချင်​လာလို့်။

ရေခဲ​သေတ္တာ​လေးကို ဆွဲဖွင့်​လိုက်​​တော့ ​လေဟာနယ်​လိုပဲ ရှင်းလင်း​နေတာ​ကြောင့်​ ​ရေခဲ​သေတ္တာကို
ဆွဲ​မှောက်​ချင်​သွားသည်​။

နောက်ဆုံး ​ဓာတ်​မီး​လေးထုတ်​ပြီး ​ဈေးဆိုင်​​လေးကို​ပြေးရသည်​​ပေါ့။
ခေါက်​ဆွဲ​ခြောက်​ထုပ်​​လေး နှစ်​ထုပ်​ဝယ်​လာပြီး လမ်းတစ်​ဝက်​​ရောက်​​တော့
လမ်းမီးတိုင်​က ​မှိတ်​တုတ်​မှိတ်​တုတ်​လုပ်​ပြီးမှ လင်းလာသည်​။

အင်းးးး......

ငြီးသံတစ်​ချက်​ ကြားလိုက်​ရတာမို့
သူ့​ခေါင်းက​​ဆံပင်​​လေး​​တွေတောင်​ ​ထောင်​တက်​သွားသည်​။

Cutie BeastieWhere stories live. Discover now