Part (1)- ငါ့သူကို မပေးနိုင်ဘူး

9.6K 335 9
                                    

Arthit ကို Kongpob မိဘတွေက မိဘမဲ့ဂေဟာမှ မွေးစားလိုက်စဉ်က စကာ နှစ်ယောက်သားက အချစ်ဆုံး သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်.။ Kaseart University တွင် Kongpob က စီးပွားရေးတတိယနှစ်ကျောင်းသားဖြစ်ပြီး Arthit ကတော့ ပထမနှစ်စီးပွားရေးကျောင်းသားဖြစ်သည်.။

Arthit ကျောင်းရောက်လာတော့ Kongpob ကိုနှုတ်ဆက်ရန်သွားမည်ပြင်စဉ်မှာပင် စီနီယာကောင်မလေးတစ်ယောက်က ရောက်လာပြီး Kongpob နှင့် တစ်ခုခုကိုဆွေးနွေးနေပုံကိုမြင်လိုက်ရသည်.။ Arthit နောက်ကိုခြေလှမ်းဆုတ်ကာ ကန်တင်းကိုပဲ လျှောက်လာခဲ့လိုက်တော့သည်.။

Hazing Activities တွေက စတင်နေပါပြီ.။သို့ပေမယ့် Arthit ထင်ထားသလောက်မခက်ခဲ.။အစကတော့ Kongpob က Hazer Team ၏ Head Hazer ဖြစ်နေတော့ လန့်သွားမိသေးသည်။ အဲ့အကြောင်းကို Kongpob က Arthit ကိုကြိုမပြောပြခဲ့ဘူးလေ.။ Arthit က ရှက်တတ်သည့်ကောင်လေးတစ်ယောက်လည်းဖြစ်တော့ သူငယ်ချင်းလွယ်လွယ်ကူကူမိတ်မဖွဲ့နိုင်.။ထို့ကြောင့် အမြဲလိုလိုပင် တစ်ယောက်တည်းထိုင်ပြီး စားသောက်လေ့ရှိသည်။ Hazing activities တွေ အဆုံးသတ်ခါနီးရောက်နေချိန်မှာ တောင် Arthit တွင် သူငယ်ချင်းရှိမလာခဲ့ပေ.။ အခန်းထဲတွင်လည်း လူအများနှင့်ဝေးသည့် နောက်နားတွင်သာထိုင်လေ့ရှိကာ လူတိုင်းကလည်း Arthit ကို ခင်စရာမကောင်းသည့် ထူးဆန်းသည့်သူ ဟုသတ်မှတ်လျက် အမြဲခပ်ဝေးဝေးမှာပဲနေကြသည်.။

တစ်ရက် ကန်တင်းတွင် Arthit တစ်ယောက်ထဲ ထမင်းထိုင်စားနေစဉ် တစ်စုံတစ်ယောက်ရောက်လာခဲ့သည်.။

“Kong ဒီမှာ ဘာလာလုပ်တာလဲ”

“ဘာလို့လဲ.။ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းနဲက နေ့လည်စာတူတူစားလို့မရဘူးလား ”

Kong က ပြုံးထေ့ထေ့ဖြင့်ဆိုသည်။ Arthit ပတ်ဝန်းကျင်ကိုကြည့်လိုက်မိတော့ လူတိုင်းက သူတို့ကိုကြည့်နေတာကိုသတိထားမိ သွားသည်။

“မဟုတ်ပါဘူး။ဒါပေမယ့် မင်းက Head Hazer လေ.။ကြည့်-- လူတိုင်းက ခု ငါတို့ကိုကြည့်နေပြီ.”

Kong က ပတ်ဝန်းကျင်ကိုလိုက်ကြည့်မိပြီးမှ ကျောင်းသား တစ်ချို့ ပြောနေသည့် စကားသံတွေ ကိုကြားလိုက်ရသည်။

Your Sunshine. ( translation)Where stories live. Discover now