memo 33

2.8K 215 6
                                    

"ZawGyi"

"ချစ်​......"

"​ပြော လင်း ..."

"ခုတ​လော ပိတ်​ရက်​​တွေမှာ ည​နေတိုင်း ဘာ​တွေလုပ်​​နေလဲ ​ပြော"

"ဟဲဟဲ ဘာမှလုပ်​ပါဘူး​..... လင်းက ဘာလို့​မေးတာလဲ"

" ည​နေပိုင်းဆို လိုင်း​ပေါ်လည်းမ​တွေ့ဘူး။ မက်​​ဆေ့ပို့လည်း ချက်​ချင်း reply မပြန်​ဘူး။ လင်းသတိထားမိ​နေတာ ကြာပြီ​နော်​။ အရင်​ဆို ပိတ်​ရက်​တိုင်း မ​တွေ့ရလို့ လွမ်း​တယ်​ဆိုပြီး ဖုန်းအမြဲဆက်​​နေတဲ့သူက ဖုန်း​ခေါ်​တော့ miss call ​တွေပဲဖြစ်​ဖြစ်​​နေတယ်​။ လင်းစမ်းပါအုံး ကိုချစ်​သူ​အောင်​ "

"​အော်​...အဲဒါလား။ ခု​နောက်​ပိုင်း ကိုယ်​က ည​နေပိုင်းဆို တ​ရေး အိပ်​တတ်​တယ်​​လေ။ ​​အိပ်​​ရင်​လည်း ဖုန်းပိတ်​ပြီးမှ အိပ်​တာ​။ အိပ်​​ရေးပျက်​မှာစိုးလို့... ဟဲဟဲ။ အဲ​တော့ လင်းဆီက မက်​​ဆေ့​တွေ miss call ​တွေ ဘယ်​​တွေ့မလဲ။ ဟုတ်​ဖူးလား"

လင်းသူက သူ​ပြောတာကို မျက်​​မှောင်​ကုတ်​ပြီး ကြည့်​​နေတယ်​။ ပြီး​တော့ မျက်​နှာ​ပေါ်မှာ ဝမ်းနည်းရိပ်​​လေး နဲနဲဖြတ်​​ပြေးသွားတာကို ချစ်​သူ​အောင်​ ကြည့်​​နေရင်းက​နေ သတိထားမိလိုက်​တယ်​။

"ဘာလို့လဲ... လင်းက ကိုယ့်​ကိုမယုံလို့လား....ဟင်​ လင်း"

"မဟုတ်​ပါဘူး"

မဟုတ်​ဘူးသာ ​ပြော​နေတာ လင်းမျက်​နှာမှာ​တော့ စိုးရိမ်​မှုပူပန်​မှု​တွေကို မြင်​​နေရတယ်​။ ချစ်​သူ​အောင်​လည်း သက်​ပျင်းခိုးချမိတယ်​။ သူကလည်း လင်းမသိ​အောင်​ လုပ်​ထားမိတာ တကယ်ရှိ​နေတော့လည်း.....

~~~~~~~~~~~

" လင်း .... ဒီ​နေ့ ဘာ​နေ့လည်း သိလား"

"ဒီ​နေ့လား....ကြာသာပ​တေး​လေ"

ဖြေပြီးမှ ချစ်​သူ​အောင်​မျက်​နှာက တစ်​ခုခုထူးခြား​နေတယ်​ ထင်​တာနဲ့ လင်းသူလည်း ​သေချာပြန်​စဉ်းစားကြည့်​ပြီး

" ချစ်​ ​မွေး​နေ့လည်း မဟုတ်​ပါဘူး။အင်း..... ဘာ​နေ့လည်း။ ထူးခြားတဲ့​နေ့လား"

You Are The Other Half Of MeWhere stories live. Discover now