မျှော်လင့်ချက်တွေ ဖျက်ဆီးခံရတဲ့အခါ
နာကျင်မှုဟာ ဘာနဲ့မျှတိုင်းမရ...
ရင်နင့်အောင်ချစ်မိသည်နှင့်အမျှ
မမျှော်လင့်ပါသော နာကျင်မှုတွေက
တခါတရံအလုံးအရင်းဝင်ရောက်လာ၏.......ကျောင်းတံခါးအဝတွင် သူလာသည်ကို
မျက်တပ်ရပ်လျက်စောင့်နေခဲ့သည်မှာ
၁နာရီနီးပါးကြာမြင့်ခဲ့ပြီ....
နာရီကိုကြည့်လိုက် သူလာရာလမ်းကို
ကြည့်လိုက်နှင့်ကျွန်တော် အလုပ်ရှုပ်နေသည်..ဝင်ချည်ထွက်ချည်နှင့် လူတွေဟာလည်း
အတော်ပင်များခဲ့ပြီ သူဘာလို့မလာသေးသလဲ
တွေးမိရုံဖြင့်ပင် ပူပန်မှုကထိပ်ဆုံးသို့...ကတုန်ကယင်ဖြစ်လာကာ စိတ်တွေကအစိုးမရ
ချင်တော့......"ဟာ..sehunကျောင်းထဲမဝင်သေးဘူးလား"
အနားကိုတဖြည်းဖြည်း လျှောက်လာသော
ထိုသူမှာ သူ့၏အချစ်ဆုံးသူငယ်ချင်းKim Kai.."ကျွန်တော်luhanကိုစောင့်လိုက်ဦးမယ်"
သူကအလျင်စလို သူ့လက်ကနာရီကိုကြည့်လိုက်သည်....
"၉နာရီထိုးတော့မယ်ကွ မင်းဝင်နှင့်လိုက်လေ
သူလိုက်လာမှာပေါ့""ရပါတယ် ကျွန်တော်စောင့်နိုင်တယ် စောင်နေမယ်
လို့လဲပြောထားတယ်"Kai ကလက်ထဲပါလာသော
ကော်ဖီကိုတငုံသောက်လိုက်သည်..
ဖြစ်နေကျကိစ္စတစ်ခုကို ကြိုသိသလိုအနေအထား
မျိုးဖြင့်...."သူကကောလာမယ်ပြောလို့လား
မင်းစောင့်နေတာပဲအဖတ်တင်မယ် sehun
Luhanအကြောင်းမင်းလဲသိတာပဲ""အရင်ဝင်နှင့်လိုက်ပါ ကျွန်တော်စောင့်လိုက်ပါဦးမယ်"
ပခုံးကိုအသာပုတ်လျက် ကျောင်းထဲဝင်သွားသည်
ကျွန်တော်ဝမ်းနည်းလာသည်
သူတကယ်မလာတော့ဘူးလား မဟုတ်ဘူး လာမှာ
သူလာကိုလာမှာ...
ကိုယ့်ကိုကိုယ်အားပေးစကားဆိုနေမိသည်...တဖြည်းဖြည်းလူသွားလူလာဟာ
နည်းပါးသွား ကျောင်းရှေ့တွင်ရပ်နေသည်မှာ
ကျွန်တော်တယောက်ထဲသာ...ဟော....
ဟိုမှာလာပါပြီ...ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ကာ သူဟာအေးဆေးစွာလျှောက်လာသည်..
စိုးရိမ်ခြင်း..ပူပန်ခြင်းကင်းဝေးစွ
YOU ARE READING
Get Lost
Fanfiction"ခင်ဗျားကမချစ်ရင်တောင်... ခင်ဗျားကိုပဲရူးရူးမူးမူးချစ်မဲ့ကောင်.. ခင်ဗျားကမကြည်ဖြူရင်တောင်.. ခင်ဗျားအနားမှာပဲနေမယ့်ကောင်.. ကျွန်တော့်ကအတ္တကြီးတယ် ဆိုရင်လည်း..အဲ့ဒါခင်ဗျားကြောင့်ပဲ..." Hunhan...........