Chapter ( 25 ) 28 *

39.2K 2.8K 60
                                    

စိုင်းကို လက်ထပ်ခွင့်တောင်းပြီးချိန်ကစ၍ ဆရာသည် စိုင်းနှင့်နှစ်ယောက်တည်း သီးသန့် အချိန်များများရရှိအောင် သူ၏ အချိန်ဇယားများကိုပြောင်းလဲပစ်လိုက်၏။
Monday To Friday ဆေးခန်းထိုင်ရက်များမှ ရက်တချို့ကိုလျှော့ချလိုက်ပြီး တခြားဆရာဝန်တစ်ယောက်နှင့်လွှဲကာ တစ်ပတ်မှာ နှစ်ရက်သာလျှင် ဆေးခန်းထိုင်ဖြစ်တော့သည်။ စနေ၊ တနင်္ဂနွေရက်များမှာလည်း ဆေးရုံမဆင်းတော့ဘဲ ထိုဆေးခန်းမထိုင်ဖြစ်သည့်ရက်များနှင့် အစားထိုး၍ ဂျူတီပြောင်းလဲပစ်လိုက်သည်။
Weekends ရက်များသည် စိုင်းအတွက်လည်း ကျောင်းပိတ်ရက်ဖြစ်ပေရာ တာဝန်ဝတ္တရားများ ခဏကင်းလွတ်လျက်ရှိသော ထိုနေ့ရက်များသည် စိတ်လွတ်လပ်ပေါ့ပါးစွာ ကြည်နူးချမ်းမြေ့ဖွယ်ရာကောင်းသော နေ့ရက်များပင်ဖြစ်တော့သည်။

တစ်ခါတစ်လေ မန္တလေးမြို့ပတ်၍ ကားလျှောက်မောင်းကြသည်။ ညနေခင်းများမှာ ကျုံးတစ်ပတ်ပတ်၍ ဆိုင်ကယ်စီးရင်လည်စီးဖြစ်ကြသည်။ မန္တလေးမြို့က ရှိရှိသမျှ စားသောက်ဆိုင်ကောင်းကောင်းမှန်သမျှ သူတို့ မရောက်ဖြစ်တဲ့ဆိုင်မရှိတော့။ အခန်းထဲတစ်နေကုန်
အောင်းလျက် နှစ်ယောက်သား ဘယ်မှမထွက်ကြဘဲ delivery ဖြင့် မုန့်မှာစားရင်လည်းစားကြသည်။ အိပ်ရာပေါ်မယ် နွေးထွေးစွာပွေ့ဖက်ထားရင်း ရုပ်ရှင်အတူကြည့်ချင်ကြည့်သည်။ ဆရာ့ပေါင်ပေါ် ခေါင်းအုံး၍ နူးညံ့ဝါညက်သော ဆရာ့စာဖတ်ပြသံကို စိတ်ကြည်နူးဖွယ် နားထောင်ချင်နားထောင်သည်။

Test 2 စာမေးပွဲမတိုင်ခင်တုန်းက ဆရာသည် စိုင်းကို စိတ်လိုလက်ရ စာကူကျက်ပေးခဲ့၏။ ပြီးလျှင် စိုင်း ဆရာ့ကို မူလတန်း၊ အလယ်တန်းကျောင်းသားလေးတစ်ယောက်လို စာကိုအလွတ်ဆိုပြရသည်။ စာအုပ်ကိုလက်တစ်ဖက်က ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဆိုဖာခုံနောက်မှီပေါ် လက်ဖျံတင်ထားရင်း စာမျက်နှာကို သတိမလွတ်တမ်း စေ့စပ်စွာ စိုက်ကြည့်နေသော ဆရာသည် စိုင်း စာပြန်သည်ကို မျက်စိဖွင့်နားစွင့်နေပြီး အချက်အလက်တစ်ခုခု လွဲသွားပါက စိုင်းကို အပြစ်ပေး၏။ အဲတာကတော့ တစ်ခါလွဲတိုင်း စိုင်း ဆရာ့ပါးပြင်ကို တစ်ခါ နမ်းရခြင်းပေတည်း။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now