Part-A

536 25 6
                                    

Zawgyi
""ငယ်နင် စာတွေမပြီသေးဘူးလား၊ နင်က အာရုံတွေများနေတာကိုကွာ၊ စာသင်နေချိန်လည်း ငါသတိထားနေတာ။ နင် ကိုယ်ရောစိတ်ပါ မငြိမ်ဘူး""

ဆုလေးငယ်ဖတ္လက္စ စာအုပ္ဆီကေန အတွေးတွေက ဟိုးအရင် အထက်တန်းကျောင်းသားဘဝဆီသို့ ခွင့်ပြုချက်မရပါပဲ လွှင့်ခနဲ မျောပါသွားမိသည်။

ကြ်န္မ အထက်တန်းကျောင်းသူဘဝ
ဆယ်ကျော်သက်အရွယ်မှာ လူတစ်ယောက်ကို ချစ်တတ်ခဲ့သည်။
မိဘ ဆွေမျိုးမဟုတ်ပေမယ့် သူတို့နီးနီးလောက်ကို နေရာပေးထားမိတဲ့ လွှမ်းဦးငယ် ဆိုတဲ့ သူစိမ်းယောကျ်ားတစ်ယောက်။

ထိုအခ်စ္ကို ဘယ်လိုခေါင်းစဉ်အောက်မှာ ထားချင်လဲဟုဆိုလာလျှင် ဒီအတိုင်းလေး အကိုတစ်ယောက်လို အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လို သဘောကျမိတာမျိုး

သ့ိုပေမဲ့ ထိုစိတ်ပြောင်းလဲလာမှုကို သတိထားမိလာစေသည့်အရာက သူ့ဘေးမှာ သူနှင့်ရွယ်တူအမျိုးသမီးတစ်ယောက်နှင့်ယှဉ်တွဲ မြင်လိုက်ရချိန်။
ထိုနေ့ဟာ ကျွန်မအတွက် စိတ်နဲ့ကိုယ် မကပ်တော့တဲ့ နေ့တစ်နေ့ဖြစ်လာခဲ့ခြင်းပင်။

တစ်ပင်လဲလို့ တစ်ပင်အသစ်ထူဆိုသလို ဖေဖေနောက်အိမ်ထောင်ပြုချိန်မှာ နယ်မှအဖွားဖြစ်သူထံမှ သူနှင့်အတူ လာနေစေလိုကြောင်း၊ တစ်ဦး တစ်ယောက်တည်းရှိသော သမီးမိန်းကလေးမို့ သူ့လက်အောက်မှာ ကြီးပြင်းစေလိုကြောင်း ဖွင့်ထုတ်လာသည့် အဖွားဆန္ဒတွေကို ဦးလေးတွေ အဒေါ်တွေအားလုံးသဘောတူကာ ကြ်န္မ အဖွားနှင့်အတူ နယ်ကိုလိုက်ပါနေထိုင်ခဲ့သည်။

နယ်ကျောင်းမှာ စတုတၳတန်းမှစကာ အလယ်တန်းပြီးသည်ထိ ဦးငယ်ဟာ ကျွန်မရဲ့ အာစရိယဂိုဏ်းဝင်၊ လေးစားအားကျရတဲ့ ဆရာတစ်ဦး။
ထိုအချိန်က အသက် နှစ်ဆယ်ဝန်းကျင်ခန့်ရှိတဲ့ ဦးငယ်ဟာ အရမ်းအစအနောက်သန်လွန်းသည်။ ထိုစနောက်ခြင်းက ကြ်န္မကို တမင်အနိုင်ကျင့် နေတာလို့ပင် ထိုအချိန်က ကိုးနှစ်အရွယ်ကလေးအတွေးနှင့် တွေးကာ ခဏခဏစိတ်ကောက်ခဲ့ဖူးသည်။

ဦးငယ်တို့အိမ်နှင့် ဖွားအိမ်ကခြံချင်း ကပ်လျက်မှာရှိတာမို့ မတွေ့မမြင်ရတဲ့နေ့ဆိုတာ ရှားသည်။ ကျွန်မကိုအဖွားဆူငေါက်နေလျှင် ဦးငယ်တို့အိမ်ဘက်မှ အတိုင်းသား ကြားသိနေရသလို ဦးငယ္က ကျောင်းသားကြီးတွေကိုဆူငေါက်နေလျှင်လည်း အဖြားအိမ္ဘက္ကေန ထိုအတိုင်းကြားနေရ၏။

behindWhere stories live. Discover now