"ဟိုးရှေးရှေးတုန်းက
ဝတ်ရုံနီလေးနဲ့ မင်းသားလေးတစ်ပါးက....
တောထဲမှာ....""Hunက ကျွန်တော့်ကို ချစ်တယ်တဲ့ အဖိုး..."
အဖိုးအိုရဲ့ တုန်တုန်ရီရီနဲ့ ပုံပြင်အစပျိုးသံလေးကို ဖြတ်ပြောလိုက်တဲ့ မခံမရပ်နိုင်သလို
အသံဆတ်ဆတ်လေး...."ဟင်....Sehunလေးကလား .. "
"Nae...တောတ်စ်! ဒါ ကျွန်တော်က
မိန်းကလေးတွေထက်တောင်
ချောတယ်ဆိုပြီး ဒီကောင် ပမာမခန့်လုပ်တာ! "လှပတဲ့မျက်ဝန်းလေးတွေမှာ တလက်လက်တောက်ပနေတဲ့ ဒေါသအရောင်များ ....
အံကိုလည်းခပ်တင်းတင်းကြိတ်လိုက်သေးသည်
"Xiao Luက Hunnieကို မချစ်ဘူးလား "
အဖိုးအိုရဲ့ မေးခွန်းအဆုံး ငြိမ်ကာ ကျသွားတဲ့Luhanလေးက....ခေါင်းလေးခါပြရင်း...
"ဟင့်အင်း မသိဘူး ကျွန်တော်က Hunကို ညီငယ်လေးတစ်ယောက်လိုချစ်တာ
အခုလိုမျိုး....ကြီးက...ကျွန်တော့်သိက္ခာကို
လာစော်ကားနေသလိုပဲ "ဒေါသထွက်ကာ အသံတွေကျယ်နေသလောက် မျက်ဝန်းတို့က
အရောင်တဖြည်းဖြည်းဖျော့လာရင်း
မျက်ရည်စတို့သီလာတဲ့Luhanလေးက
အဖိုးအိုရဲ့ ပေါင်ပေါ်မျက်နှာအပ်ချတယ်ကြည့်ရတာ သူ့မျက်ရည်တွေကို မမြင်စေချင်ဘူးထင်ပါ့
"ပုံပြင် အသစ်တစ်ပုဒ် နားထောင်မလား Xiao Lu "
အဖိုးအိုက ပြုံးကာ မေးတော့
Luhanက နှုတ်ခမ်းလေးဆူလာရင်း"ဝတ်ရုံနီနဲ့မင်းသားလေးအကြောင်း တော့ မဟုတ်ပါဘူးနော်....ငယ်ငယ်ကတည်းက
အဲ့ပုံပြင်ကြီးက ရိုးနေပြီ အဖိုးရဲ့""မဟုတ်ပါဘူးကလေးရယ်
ဒီတစ်ခါ ဇွတ်တရွတ်နဲ့ကောင်ဆိုးလေး
အကြောင်းပြောပြမယ် "အဲ့တော့မှ Luhanလေးက စိတ်ဝင်စားစွာ
ခေါင်းညိမ့်လာတယ်..
YOU ARE READING
STORY
Fanfictionငါ...မင်းစိတ်ထဲမှာ ရှိတဲ့အရာတွေ တကယ်မလိုက်မှီခဲ့ဘူး Jongin. ************************ [Dika One Short ]