နတ်ဆိုး ရဲ့ ကကြိုး // ၃ //

4.6K 297 4
                                    

" လုဟန်.... သိလား...... "

ထမင်းစားခန်းထဲ ဝင်လုဆဲဆဲ အချိန်မှာ ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် ခြေလှမ်းများ တုံ့ဆိုင်းသွားရသည်။သာမာန်အားဖြင့် မိသားစုပင် ဖြစ်သော်လဲ မိမိနဲ့မသက်
ဆိုင်သော ကိစ္စကို စိတ်မဝင်စားတတ်ပေမယ့် မိမိ နာမည်ပါလာ သော ကိစ္စကြောင့် အသံမပေးပဲ အခန်းဝမှာ နံရံကို ကျောမှီရင်း ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ အသံမပေး
ပဲ ရပ်နေမိလိုက်သည်။

" လုဟန် ကိုတော့ အားလုံးစီစဉ်ပြီးမှ ပဲပြောတော့မယ် မေမေ.... သမီးလဲ ဆယ်ဟွန်း နဲ့ သေချာ တိုင်ပင်ရဦးမှာ မို့လို့ပါ "

ယွန်ဟီး စကားကြောင့် ပျက်ယွင်းနေသော မျက်နှာကို ပြင်ကာ သက်ပြင်းမော တစ်ချက်ကို ချလိုက်ပြီး.......

" လုဟန်..... အကြောင်းလဲ...... သမီး သိတယ်မလား...... သူက အရမ်းတဇွတ်ထိုး ဆန်တာ....... မေမေ တော့ စိတ်ပူတယ်...... သမီးကပဲ..........."

" ထပ်ပြီး အလျော့ပေးဖို့လား..... မဖြစ်နိုင်ဘူး..... မေမေ..... သမီး ငယ်ငယ်ကတည်းက...... လုဟန်... ကို အလျော့ပေးပါ...... သည်းခံပါ ဆိုတဲ့ စကားတွေကိုပဲ ဖေဖေ ရော မေမေ ရော ပြောကြတယ်......အမြဲတမ်း သည်းခံ
ခိုင်းတယ်... ဦးစားပေးခိုင်းတယ်....... အမြဲတမ်း သူလိုချင်တာ ရနေတာအတွက် လုဟန် က အခုလို ဆိုးရွားလာတာ
......"

" ယွန်းဟီး...... "

မျက်ရည်စများ ရစ်ဝိုင်းနေသော မျက်ဝန်းအစုံက နာကျင်
ကြေကွဲစွာ မိခင်ဖြစ်သူကို ကြည့်ရင်း ပြောနေသော စကား
များကြောင့် မယုံကြည်နိုင် စွာ ခေါ်လိုက်မိရင်း အကြည့်များက အခန်းဝမှာ ရပ်နေသော သား ဖြစ်သူ ဆီရောက်သွား မိသည်။

" လု........ "

သူမ ခေါ်သံက တစ်ဝက်တစ်ပျက်မှာပင် ရပ်တန့်သွားခဲ့သည်။ အကြောင်းကား လုဟန် ရဲ့ ခပ်စူးစူး အကြည့်တွေမှာ
အလိုမကျမှု တွေပါဝင်နေသောကြောင့်ပင် ဖြစ်သည်။

" လုဟန် ကအရမ်း အတ္တကြီးတယ်... ပြီးတော့ သူ လိုချင်တဲ့ ဘယ်အရာမဆို... ရအောက်ယူနိုင်တယ်ဆိုပြီး အထင်မှားနေတတ်တာ...... ဟွန်း က သမီးချစ်သူပါ...... ဘယ်လိုအကြောင်းနဲ့မှ လုဟန် လုယူတာမခံနိုင်ဘူး မေမေ.... ဒီတစ်ခါတော့ လုဟန် ရှုံးသွားပြီ..... "

နတ်ဆိုးရဲ့ ကကြိုး { Complete }Nơi câu chuyện tồn tại. Hãy khám phá bây giờ