657 78 22
                                    

ပြတင်းတံခါးဖွင့်လိုက်တဲ့အချိန်တိုင်း မြောက်ဘက်မြက်ခင်းစိမ်းလွင်ပြင်ကျယ်ကြီးကိုဖြတ်ကာ မျောပါလာတတ်သော သစ်တောရနံ့သည် မျက်ရည်ဝဲစေသည်အထိ သူ့ကို လွမ်းအောင်ပြုစားသည်...

ကြည်ပြာရောင် ကောင်းကင်အောက်မှာ...
တောက်ပစူးရှတဲ့ နေခြည်နွေးနွေးအောက်မှာ...
ရှင်သန်နေတဲ့ မြက်ပင်စိမ်းလဲ့လဲ့လေးတွေအောက်မှာ....
ကျွန်တော်တို့ ကွေကွင်းရမှုမှာ ပျော်ရွှင်နေတာ ခင်ဗျားတစ်ယောက်ပဲဆိုရင် ဘယ်တရားပါ့မလဲနော်...

ညကသောက်ထားတဲ့ ကော်ဖီအေးစက်စက်လက်ကျန်တွေသည် သွန်ချခံလိုက်ရတဲ့အခါ ဘေစင်စကာပေါက်ကနေ တဖြည်းဖြည်းပျောက်ကွယ်သွားကြသည်....

ကျွန်တော့်အလွမ်းတွေရော ဒီလိုပျောက်ကွယ်သွားရင် ဘယ်လောက်ကောင်းမလဲ....

အတားအဆီးမရှိတာတောင်မှ ညင်ညင်သာသာလေးပဲ တိုက်ခတ်နေသော လေညှင်းကြောင့် မိုးပြာရောင်ပြတင်းစတို့ တဖျတ်ဖျတ်လွင့်သွားသည့် အခိုက်အတန့်တိုင်းမှာ...

ခြံစည်းရိုးကို တွယ်ကပ်ပေါက်နေသော နွယ်ပင်တန်းမှ အဖြူရောင် နှင်းဆီရိုင်းဖူးတစ်ချို့ ပွင့်နေသည်ကိုမြင်တော့လဲ သူ့ကိုတမိပြန်သည်...

"အကို...ခင်ဗျားနဲ့တူတဲ့ နှင်းဆီဖြူတွေ ပွင့်နေပြီ''

ဆိုက်ပရပ်ပင်တွေ
နှင်းဆီဖြူတွေ
ဝါကျင့်ကျင့် စာအုပ်အဟောင်းတွေ
သစ်တောရနံ့တွေ
ပြီးတော့...ကျွန်တော် သိပ်မှတ်မိတာပေါ့
ခင်ဗျား အကျင့်တွေ ၊ ခင်ဗျား အကြိုက်တွေ...

နေခဲ့ပါဟုဆိုတုန်းက ဇွတ်ဆွဲထားခဲ့ပြီး နေပါရစေမပြောရုံတမယ် ရူးလောက်အောင် ချစ်မိသည့်အခါမှ ထွက်သွားပေးပါဆိုလာတဲ့ ခင်ဗျားကို ကျွန်တော်အကြောင်းပြချက်မတောင်းခဲ့တာ ကျွန်တော့်ဘက်က ညှိနေလည်း ခင်ဗျားမပျော်ရွှင်နိုင်တော့ဘူးဆိုတာသိလို့။

ကျွန်တော်လဲ ပျော်ချင်တယ် အကို....
အကို အခြားလူရင်ခွင်မှာ ပြုံးပျော်နေသလိုမျိုး...
ကျစ်....အကို ခင်ဗျား သိပ်ရက်စက်တယ်ဗျာ

ကျွန်တော့်အပေါ် စည်းမျဉ်း နီတိတွေ အထပ်ထပ်ကာစီးထားတဲ့အကိုက သူများကိုတော့ ရက်ရက်ရောရော....
ကျွန်တော့်ကိုတောင် အနမ်းဖွဖွစမပေးဖူးသော အကိုကလေ...

||..HYUNG..||Where stories live. Discover now