2.2K 176 17
                                    

အေးစိမ့်​စိမ့်​နဲ့တဖြူးဖြူးတိုက်​ခတ်​လာတဲ့ ​လေညှင်း​အေး​တွေရဲ့ထိရိုက်​မှု​ကြောင့်​ ကုတင်​​ပေါ်မှာ​စောင်​ခြုံ​ကွေး​နေတဲ့ ကင်​နမ်​ဂျွန်း​တစ်​​ယောက်​ ​နိုးတဝက်​ဖြင့်​အိပ်​​​နေရာက​နေဆက်​ခနဲထထိုင်​လိုက်​သည်​။ 

ဘေးနားကပြတင်း​ပေါက်​ကိုလှမ်းကြည့်​မိလိုက်​​တော့ တံခါး​ပေါက်​တစ်​ချက်​ကပွင့်​​နေကာ မိုးပြာ​ရောင်​လိုက်​ကာစက​လေးက ​လေညှင်း​လေးနဲ့​ပျော်​ရွှင်​စွာ ကခုန်ေ​လရဲ့။

အင်း ..... ပြတင်း​ပေါက်​ပွင့်​​နေလို့အရမ်း​အေး​နေတာပဲ .....။ နမ်​ဂျွန်းတစ်​​ယောက်​​မွေ့ယာထူထူ​ပေါ်ကထကာ ပြတင်း​ပေါက်​​လေးဆီ ထ​လျောက်​သွားလိုက်​သည်​။

မဖြစ်​ဘူး။ ကျွန်​​တော်​ကအ​အေး​လေးနည်းနည်းခံမိရင်​ ဗိုက်​​အောင့်​တဲ့​ဝေဒနာရှိတယ်​​လေ။

ပြတင်း​ပေါက်​​လေးအနားကိုတိုးကပ်​သွားပြီး လက်​တစ်​ဖက်​ကိုအ​ရှေ့သို့တိုးကာ တံခါးရွက်​တစ်​ချက်​ကိုဆွဲယူလိုက်​သည်​။

အား ...... ​အေးလိုက်​တာ ။ 

အင်္ကျီလည်​ပင်း​ပေါက်​မှာချိတ်​ထားတဲ့ မှန်​ထူထူမျက်​မှန်​​လေးကိုချွတ်​ယူလိုက်​ပြီး မျက်​လုံး​ရှေ့မှာတန်​ဆာဆင်​ကာ တပ်​ကြည့်​လိုက်​​တော့မှ _

ဟင်​ ..... နှင်း​တွေ​တောင်​ကျ​နေပါ​ရောလား ။

လှလိုက်​တဲ့နှင်းဖက်​​လေး​တွေ။ ဖြူ​ဖွေးပြီး တစ်​စက်​ခြင်းဆီ အပြာ​ရောင်​မိုး​ကောင်းကင်​​ပေါ်ကကျဆင်းလာ​နေတဲ့ပုံ​လေးက ​ကောင်းကင်​က တမန်​​တော်​​တွေကခုန်​​နေတဲ့အတိုင်းပဲ။

နမ်​ဂျွန်း တံခါး​ပေါက်​ကိုမပိတ်​မိ​သေးပဲ လက်​တစ်​ဖက်​ကိုဆန့်​ထုတ်​ကာ ​အေးစိမ့်​စိမ့်​နှင်းပွင့်​​လေး​တွေရဲ့ အထိအ​ထွေ့ကိုခံယူ​နေမိသည်​။

သူ့မျက်​နှာ​ဖြူဖြူ မှာ​တော့ ကြည်​နူးခြင်း​နဲ့ နုညံ့ခြင်း​တွေက အတိုင်းသားရှိ၏။ အလှပဆုံး​သော နှုတ်​ခမ်းသားထူထူ​တွေကို ဟန်​ပါပါပြုံး​တော့ ပါးပြင်​​ပေါ်က ခပ်​နက်​နက်​ပါးချိုင့်​​တွေက သူဟာရိုးသားသူတစ်​ဦးပါဟု အလိုလိုအဓိပ္ပါယ်​​ဆောင်​​နေသ​ယောင်​​ယောင်​။

ᎦᏁᏫᏊᎩ ✔Where stories live. Discover now